ပို့ကုန်၊ သွင်းကုန်သတင်းလွှာ (၂/၂၀၂၁) (ပို့ကုန်/ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းများအနက်မှ ကုန်စည်အချို့အား လိုင်စင်လျှောက်ထားရန်မလိုဘဲ ယာယီဖြေလျှော့ခွင့်ပြုခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနသည် ပို့ကုန်/ သွင်းကုန် လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းများအနက်မှ ကုန်စည်အချို့ အား ၈-၃-၂၀၂၁ ရက်နေ့မှ ၉-၄-၂၀၂၁ ရက်နေ့အထိ လိုင်စင်လျှောက်ထားရန်မလိုဘဲ ယာယီဖြေလျှော့ခွင့်ပြုကြောင်း ၃-၃-၂၀၂၁ ရက်နေ့တွင် ပို့ကုန်၊ သွင်းကုန် သတင်းလွှာ (၂/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ လိုင်စင်လျှောက်ထားရန်မလိုသည့် ကုန်စည်စာရင်းအား အဆိုပါသတင်းလွှာတွင် နောက်ဆက်တွဲအဖြစ် ဖော်ပြပါရှိပါသည်။
အဆိုပါ သတင်းလွှာ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန် ဖြစ်ပါသည်။

 

ထုတ်ပြန်သည့်ရက် 2021-03-03
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-09-29 04:32:54

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
News Letter No.5/2021 Myanmar 1.13MB file_downloadဒေါင်းလုပ်
News Letter No.7/2021 Myanmar 476.05kB file_downloadဒေါင်းလုပ်