အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၂၀) (သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထား ပြောင်းလဲကောက်ခံသည့်ကိစ္စ)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ပမှဝယ်ယူတင်သွင်းသည့် ကောက်ခံမည့်သွင်းကုန်လိုင်စင်ကြေးနှုန်းထားများ‌အား တင်သွင်းသည့် CIF တန်ဖိုးများ အပေါ် အခြေခံကောက်ခံမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) အား (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုအခါ ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျှက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျော့နည်းသက်သာစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၀-၁၀-၂၀၁၉) ပါ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) ဖြင့် ထုတ်ပြန်ကောက်ခံလျက်ရှိသည့် သွင်းကုန်လိုင်စင်ကြေး နှုန်းထားများအစား သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း) နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ ကြေညာချက်သည် ၆-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၂၀) အား (၆-၄-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်သည့်ရက် 2020-04-06
ဥပဒေ အမျိုးအစား Order
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-09-26 08:26:13

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
Notification No.(64/2020) Myanmar 3.17MB file_downloadဒေါင်းလုပ်
Notification No.(85/2020) Myanmar 3.51MB file_downloadဒေါင်းလုပ်
Notification No.(13/2021) Myanmar 142.29kB file_downloadဒေါင်းလုပ်
Notification No.(20/2021) Myanmar 3.19MB file_downloadဒေါင်းလုပ်
Notification No.(30/2021) Myanmar 3.51MB file_downloadဒေါင်းလုပ်
Notification No.(46/2021) Myanmar 939.02kB file_downloadဒေါင်းလုပ်