ပြည်ပသို့တင်ပို့သော ကုန်စည်လိုင်းများနှင့်စပ်လျဉ်း၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီတို့အားပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသောကုန်စည်လိုင်းများအဖြစ် သတ်မှတ်ထုတ်ပြန်ထားသောပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၇/၂၀၂၂)

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပြည်ပသို့တင်ပို့သော ကုန်စည်လိုင်းများနှင့်စပ်လျဉ်း၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်စားဆီ တို့အားပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသောကုန်စည်လိုင်းများအဖြစ် သတ်မှတ်ထုတ်ပြန်ထားသော ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၂) အား (၂၃-၅-၂၀၂၂) ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။
၂။    ပြည်ပသို့တင်ပို့သည့် ကုန်စည်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးအစရှိသည့်ရည်ရွယ် ချက်များဖြင့် ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် 2017 Customs Tariff of Myanmar အရ H.S Code 6 digit ဖြင့် ကုန်စည် (၇၈၉) လိုင်း၊H.S Code 10 digit ဖြင့် ကုန်စည် (၁၂၃၆) လိုင်းကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) နှင့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၃/၂၀၂၂) တို့ဖြင့် ထုတ်ပြန် သတ်မှတ်ထားပါသည်။
၃။    ယခုအခါ ကုန်သွယ်ဖက်နိုင်ငံနှင့်ချုပ်ဆိုထားသောစာချုပ်များအရ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျတင်ပို့နိုင်ရန်လည်းကောင်း၊ နိုင်ငံတကာစားသုံးဆီရောင်းလိုအား နည်းခြင်းကြောင့် ပြည်တွင်းစျေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုများအား ထိန်းညှိနိုင်ရန်လည်းကောင်း ပူးတွဲပါ  2017 Customs Tariff of Myanmar အရ ပဲမျိုးစုံအကျုံးဝင်သည့် H.S Code 6 digit ဖြင့် ကုန်စည် (၁၅) လိုင်း (သို့မဟုတ်)  H.S Code 10 digit ဖြင့် ကုန်စည်(၅၃) လိုင်း၊ ဆီထွက်သီးနှံအကျုံးဝင်သည့် H.S Code 6 digit ဖြင့် ကုန်စည် (၁၄) လိုင်း (သို့မဟုတ်) H.S Code 10 digit ဖြင့် ကုန်စည် (၁၈) လိုင်းနှင့် စားဆီအကျုံးဝင်သည့် H.S Code 6 digit ဖြင့် ကုန်စည် (၂၄) လိုင်း(သို့မဟုတ်) H.S Code 10 digit ဖြင့် ကုန်စည် (၁၁၀) လိုင်း၊ စုစုပေါင်း H.S Code 10 digit ဖြင့် ကုန်စည် (၁၈၁) လိုင်းကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်လိုက်သည်။
၄။    သို့ဖြစ်၍ အထက်အပိုဒ် (၂) ပါ ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည့်သည့်ကုန်စည်ကိုမဆို ပြည်ပသို့ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတင်ပို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန်လိုင်စင်လျှောက် ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်သည့်ရက် 2022-05-23
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-05-25 07:39:22

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ