ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှု ကြိုတင်သတ်မှတ်ခြင်းလျှောက်ထားလာမှုအတွက် ကောက်ခံမည့်ဝန်ဆောင်ခ နှင့်စပ်လျဉ်းသည့်အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉
                
                    
	- ၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှု ကြိုတင်သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ၁၄-၁၀-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅၀/၂၀၁၆ ဖြင့်ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ (www.myanmartradeportal.gov.mm/en/legal/159) 
 
	- ၂။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင်  အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉ ထုတ်ပြန်၍ ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှု ကြိုတင်သတ်မှတ်ခြင်း လျှောက်ထားလာမှု (Application for Advanced Ruling on Classification) တစ်စောင်လျှင် ကျပ် ၅၀၀၀၀(ကျပ်ငါးသောင်းတိတိ) နှုန်းဖြင့်ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ ထားပါသည်။ ဖြည့်စွက်ရမည့် Advanced Ruling on Classification Form (Form CR-98 (A)) ကို အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉ ၏နောက်ဆက်တွဲတွင် ဖော်ပြထားပါသည်။
 
                    
                    
                    
                        | ထုတ်ပြန်သည့်ရက်  | 2019-04-18 | 
                    
                    
                        | ဥပဒေ အမျိုးအစား  | Notification | 
                    
                    
                        | ထုတ်ပြန်သည့်အဖွဲ့ | 
                                                စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
                                                 | 
                    
                    
                        | တာဝန်ယူသည့် အဖွဲ့ | 
                                                အကောက်ခွန်ဦးစီးဌာန
                                                 | 
                    
                    
                        | ပြင်ဆင်သည့်ရက် | 
                        
                        2022-04-22 07:55:13
                         | 
                    
                    
                 
                
                                                
                    picture_as_pdfအင်္ဂလိပ်                
                
                                                
                    picture_as_pdfမြန်မာ