ပြည်ပသို့တင်ပို့သည့် ကုန်စည်လိုင်းများနှင့်စပ်လျဉ်း၍ ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုးသတ်မှတ်ထုတ်ပြန်ခြင်း

၁။           ပြည်ပသို့တင်ပို့သည့် ကုန်စည်အချို့ကို နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုကိုကာကွယ်ရန်ရည်ရွယ်လျက် H.S Code 6 digitဖြင့် ကုန်စည်(၇၇၈) လိုင်း (သို့မဟုတ်) H.S Code 10 digit ဖြင့် ကုန်စည် (၁၂၂၄) လိုင်းကို ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ဖြင့် သတ်မှတ်ထုတ်ပြန်ထားပါသည်။

၂။            ယခုအခါ ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းအားတစ်ဆင့်မြှင့်ကြိတ်ခွဲထုတ်လုပ်ထားသည့်ပစ္စည်းများပါဝင်သည့် ပူးတွဲပါ 2017 Customs Tariff of Myanmar အရ H.S Code 6 digit ဖြင့် ကုန်စည်(၁၁) လိုင်း (သို့မဟုတ်) H.S Code 10 digit ဖြင့် ကုန်စည် (၁၂) လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုးသတ်မှတ်ထုတ်ပြန်လိုက်သည်။

၃။           သို့ဖြစ်၍ အထက်အပိုဒ် (၂) ပါ လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပသို့ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2022-03-09
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-03-22 10:56:51

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်