ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများတွင်အသုံးပြုနေသော ဓာတုဆေးဝါးများဆိုင်ရာ ညွှန်ကြားချက်အမှတ် -၁/၂၀၁၇

၁။           စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် တည်ဆဲငါးလုပ်ငန်းဆိုင်ရာဥပဒေများတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုနေသော ဆေးဝါးများကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်-၂/၂၀၁၄ အပေါ် ပြင်ဆင်သည့် ညွှန်ကြားချက်အမှတ် -၁/၂၀၁၇ ကို ထုတ်ပြန်လိုက်သည်။

၂။            မွေးမြူရေးငါး/ပုဇွန်များကို ပြည်တွင်းစားသုံးရာတွင်လည်းကောင်း၊ ပြည်ပသို့တင်ပို့ ရောင်းချရာတွင်လည်းကောင်း စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ပြည့်မီစေရန်နှင့် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အဝန်း (AEC) တည်ထောင်မှုအရ ဒေသတွင်းတစ်ပြေးညီဖြစ်စေရေးအတွက် ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများတွင် တားမြစ်ပိတ်ပင်ထားသည့် ဓာတုဆေးဝါးများစာရင်းမှာ ယခင် ၂/၂၀၁၄ ညွှန်ကြားချက် အတိုင်းဖြစ်ပြီး၊ သုံးစွဲခွင့်ပြုသော ဓာတုဆေးဝါးများအား ပူးတွဲဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်း များအတိုင်း သုံးစွဲရန်ညွှန်ကြားလိုက်သည်။

ပူးတွဲ- တားမြစ်ပိတ်ပင်ထားသည့်ဓာတုဆေးဝါးများစာရင်းနှင့်သုံးစွဲခွင့်ပြုသောဓာတုဆေးဝါး များစာရင်း

ထုတ်ပြန်သည့်ရက် 2017-03-21
ဥပဒေ အမျိုးအစား Order
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-03-13 10:04:50

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ