အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ကန့်သတ်ဓာတုပစ္စည်းစာရင်းထုတ်ပြန်ခြင်း

၁။      ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) နှင့် ပုဒ်မ ၄၇ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ကန့်သတ်ဓာတုပစ္စည်းစာရင်း အဖြစ်ပြင်ဆင်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်-

၂။       ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀ တွင် ဖော်ပြထားသည့် တားမြစ်ဓာတုပစ္စည်းများစာရင်းပါ အပိုဒ် ၅ ၌ ပါရှိသော အောက်ဖော်ပြပါ ဓာတုပစ္စည်းသုံးမျိုးသည် ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်းမပြုသော အခြားစက်မှုကုန်ထုတ်လုပ်ငန်း များတွင် အသုံးပြုလျက်ရှိသည့် ဓာတုပစ္စည်းများဖြစ်သဖြင့် ယင်းဓာတုပစ္စည်း (၃) မျိုးကို ပိုးသတ် ဆေးနှင့် အစားအသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများမှအပ အခြားစက်မှုကုန်ထုတ်လုပ်ငန်း များတွင် အသုံးပြုနိုင်ရေးအတွက် အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀ ပါ တားမြစ်ဓာတုပစ္စည်း အဖြစ်မှ ပယ်ဖျက်၍ ကန့်သတ်ဓာတုပစ္စည်းအဖြစ် ပြင်ဆင်သတ်မှတ်လိုက်သည်-

(က)    Borax Decahydrate

(ခ)     Mineral Oil

(ဂ)     Boric Acid

၃။      အဆိုပါ ဓာတုပစ္စည်း (၃) မျိုးနှင့်စပ်လျဉ်း၍ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ရာတွင် သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပြင် အောက်ပါအချက်များကိုပါ လိုက်နာဆောင်ရွက်ရမည်-

(က)    အန္တရာယ်ကင်းရှင်းမှုအဆင့်မှတ်တမ်းလွှာ (Material Safety Data Sheet – MSDS) ရှိ Hazard Identification, First – aid Measures, Fire Fighting Measures, Measures for Accident (Accidental Release Measures), Handling and Storage နှင့် Exposure Control and Protection (Exposure Controls/ Personal Protection) များအား မြန်မာဘာသာဖြင့် ဖော်ပြခြင်း၊

(ခ)     ဓာတုပစ္စည်းများအား အမျိုးအစားခွဲခြားခြင်းနှင့် တံဆိပ်ကပ်ရာတွင် တစ်ကမ္ဘာလုံး ညီညွတ် သည့်စနစ် (Globally Harmonized System of Classification and Labelling of Chemicals) ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အန္တရာယ်သတိပေးအမှတ်အသား ကပ်ခြင်းကို မြန်မာဘာသာဖြင့် ဖော်ပြခြင်း၊

(ဂ)     မှတ်ပုံတင်ခြင်း ပြုလုပ်ရာတွင် မိမိလုပ်ငန်းနှင့် ကိုက်ညီသော ပမာဏကိုသာ မှတ်ပုံတင် ထားပြီး ယင်းပမာဏထက် ကျော်လွန်၍ တင်သွင်းမှု မပြုခြင်း၊ (ဃ)    အရေပြားနှင့် ထိတွေ့ခြင်း၊ ရှူရှိုက်မိခြင်း၊ မျိုချမိခြင်း၊ မျက်လုံးထဲသို့ဝင်ခြင်း၊ လေထုထဲသို့ ပျံ့နှံ့ရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှကာကွယ်နိုင်ရန် အစီအမံများ ပြုလုပ်ထားခြင်း၊

(င)     အသုံးပြုနေစဉ်အတွင်း ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာများကို ဝတ်ဆင်အသုံးပြုခြင်း၊

(စ)     အသုံးပြုရာမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများအား (ကွန်တိန်နာပုံးများအပါအဝင်) စွန့်ပစ် ရာတွင် စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်း (Waste Treatment Facility) များသို့ ပေးပို့သော နည်းလမ်းဖြင့် စွန့်ပစ်ခြင်း၊

ထုတ်ပြန်သည့်ရက် 2021-11-19
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ဗဟိုကြီးကြပ်ရေးအဖွဲ့
ပြင်ဆင်သည့်ရက် 2021-12-30 06:05:21

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
Notification 4/2020 Myanmar 4.29MB file_downloadဒေါင်းလုပ်