ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများအား သတ်မှတ်ထုတ်ပြန်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၆-၁၁-၁၉၉၉ ရက်စွဲပါ အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်မပြုသည့် ပစ္စည်း ၃၁ မျိုးနှင့် နယ်စပ်ဒေသ များမှ တင်ပို့ခွင့်မပြုသည့် ပစ္စည်း ၃၂ မျိုး သတ်မှတ်ထုတ်ပြန်ခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် ကုန်စည် အချို့အား ဖြေလျှော့တင်ပို့ခွင့်ပြုခဲ့ရာ တင်ပို့ခွင့်မပြုသောပစ္စည်း ၁၅ မျိုးသို့ ပြင်ဆင်သတ်မှတ်ခဲ့ ပါသည်။

အဆိုပါ တင်ပို့ခွင့်မပြုသောပစ္စည်းအချို့အား အမိန့်အမှတ် ၁/၂၀၁၁ နှင့် ၁၄/၂၀၁၄ တို့နှင့် အမိန့် ကြော်ငြာစာအမှတ် ၆၂/၂၀၁၆ ၊ ၄၉/၂၀၁၇ နှင့် ၇/၂၀၁၈ တို့ဖြင့် အသီးသီးဖြေလျှော့တင်ပို့ခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်၍ ယခုအခါ အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ပစ္စည်းများအနက် ပင်လယ်ရေကြောင်းမှလည်းကောင်း ၊ နယ်စပ်ကုန်သွယ်မှုမှလည်းကောင်း၊ လေကြောင်းမှလည်း ကောင်း ပြည်ပသို့တင်ပို့ခွင့်မပြုသော ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သတ်မှတ် ထုတ်ပြန်လိုက်သည်-

တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုပစ္စည်းများ

(က)    စိန်

(ခ)     ရေနံစိမ်း ၊ (အမိန့် ၁၀/၁၉၉၉ တွင် “ရေနံ”)

တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ

(ဂ)     ဆင်စွယ်၊

(ဃ)    ဆင် ၊ မြင်း နှင့် ရှားပါးတိရစ္တာန်များ၊

အထွေထွေကုန်ပစ္စည်းများ

(င)     လက်နက်ခဲယမ်းမီးကျောက်၊

(စ)     ရှေးဟောင်းပစ္စည်းများ ၊

သက်ဆိုင်ရာတည်ဆဲဥပဒေအရ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများသည် ပြည်ပသို့ တင်ခွင့်မပြုသော ပစ္စည်းများသည် ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ် တည်ရှိပါ သည်။

ဤအမိန့်ကြော်ငြာစာဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်စွဲပါ အမိန့်အမှတ် ၁၀/၁၉၉၉ အား လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2020-08-17
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2021-09-28 05:19:37

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ