ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ (၂၈/၂၀၁၃)

စက်မှုဝန်ကြီးဌာနသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ် ရေးဥပဒေ (၂၈/၂၀၁၃)ကို ထုတ်ပြန်လိုက်သည် ။ ဤဥပဒေ၏ ရည်ရွယ်ချက်မှာ -

(က)    သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို မထိခိုက်စေခြင်းနှင့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား အန္တရာယ်ဖြစ်စေခြင်းမှကာကွယ်ရန် ၊

(ခ)     ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စနစ်တကျ ကြီးကြပ်ရန်၊

(ဂ)     သတင်းအချက်အလက်များ ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျအသုံးပြု နိုင်ရန်အတွက် ပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊

(ဃ)    လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ရေရှည်တည်တံ့ခိုင်မြဲဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန် တို့ဖြစ်ပါသည်။

ထုတ်ပြန်သည့်ရက် 2013-08-26
ဥပဒေ အမျိုးအစား Law
ထုတ်ပြန်သည့်အဖွဲ့ စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့
ပြင်ဆင်သည့်ရက် 2021-06-30 04:45:53

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
3-2016 (Issuing the List of Prohibited Chemical-Myan) Myanmar 1.14MB file_downloadဒေါင်းလုပ်
Notification No. 1-2020 Myanmar 136.45kB file_downloadဒေါင်းလုပ်
Notification No. 4-2020 Myanmar 4.29MB file_downloadဒေါင်းလုပ်