အမိန့်ကြော်ငြာစာအမှတ် ၁၀၂/၂၀၂၀ (ပြည်ထောင်စုရန်ပုံငွေသို့ အခွန်အခ ပေးသွင်းရမည့်သစ်အမျိုးအစားနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ အခွန်အခ ပေးသွင်းရမည့်သစ်အမျိုးအစားများ သတ်မှတ်ခြင်း)

သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသည် ပြည်ထောင်စုရန်ပုံငွေသို့ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ အခွန်အခ ပေးသွင်းရမည့်သစ်အမျိုးအစားများ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ၃၀-၉၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၂/၂၀၂၀ အား ထုတ်ပြန်ကြေငြာလိုက်သည်။

အဆိုပါအမိန့်ကြော်ငြာစာအရ ကျွန်းနှင့်သစ်မာအုပ်စု (၁) တွင် ပါဝင်သည့် သစ်ယာ၊ အင်းကြင်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ဃန်းနက်၊ တမလန်းသစ်အမျိုးအစားများအတွက် ကောက်ခံရရှိမည့် အခွန်များကို ပြည်ထောင်စုရန်ပုံငွေသို့ လည်းကောင်း၊ ကျန်သစ်မာအမျိုးအစားများအတွက် ကောက်ခံရရှီမည့် အခွန်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့လည်းကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစ၍ ပေးသွင်းရမည် ဖြစ်ပါသည်။

ထုတ်ပြန်သည့်ရက် 2020-09-30
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ သစ်တောဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-11-09 06:14:34

picture_as_pdfအင်္ဂလိပ်