အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉ (ကုန်ပစ္စည်းအမျိုးအစားခွဲခြားမျု ကိုတင်သတ်မှတ်ခြင်း လျှောက်ထားမှုဆိုင်ရာ Advance Ruling on Classification Form (Form CR-98 (A)) နှင့် ကောက်ခံမည့်နှုန်းထားအား ထုတ်ပြန်ကြေငြာခြင်း)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှုကြိုတင်သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၁၄-၁၀-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅၀/၂၀၁၆ ဖြင့် ပြဌာန်းခဲ့ပြီးဖြစ်သည်။

ယခုအခါ ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှုကြိုတင်သတ်မှတ်ခြင်းလျှောက်ထားခြင်းဆိုင်ရာ ဖြည့်စွက်ရမည့် ပုံစံ (Form CR-98 (A)) နှင့် လျှောက်ထားမှုအပေါ်ကောက်ခံမည့်နှုန်းထား ( တစ်စောင်လျှင် ၅၀၀၀၀ ကျပ်) တို့အား ၁၈-၄-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉ ဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

ထုတ်ပြန်သည့်ရက် 2019-10-14
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-11-06 08:46:21

picture_as_pdfအင်္ဂလိပ်