ကုန်းတွင်းဆိပ်ကမ်း (Dry Port) ဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ

ပင်လယ်ရေကြောင်းဆိပ်ကမ်းများ၊ လေဆိပ်များနှင့် နယ်စပ်အကောက်ခွန်စခန်းများမှ တင်သွင်း လာသော ကုန်စည်များကို ရေလမ်း သို့မဟုတ် လေကြောင်းလမ်း သို့မဟုတ် ကားလမ်း သို့မဟုတ် မီးရထားလမ်းများဖြင့် တိုက်ရိုက်ချိတ်ဆက်သယ်ယူနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်နိုင်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် သယ်ယူ ပို့ဆောင်နိုင်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်း၊ ခွင့်ပြုကုန်စည်များကို အကောက်ခွန်၏ ကြီးကြပ်မှုဖြင့် သိုလှောင်ခြင်း၊ အကောက်ခွန်ဆိုင်ရာ ကုန်စည်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် ကုန်းတွင်းဆိပ်ကမ်း (Dry Port) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခြင်းအား သိရှိနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

ထုတ်ပြန်သည့်ရက် 2020-05-25
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-12-13 06:53:07

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ