စံချိန်စံညွှန်သတ်မှတ်ခြင်းဆိုင်ရာဥပဒေ ၂၀၁၄

ပြည်ထောင်စုလွှတ်တော်သည် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ပြဌာန်းလိုက်သည်။ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံစံချိန်စံညွှန်းများကို သတ်မှတ်နိုင်ရန်၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ယင်းတို့၏ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အ သွေးကို မြင့်မားစေပြီးပြည်ပပို့ကုန်မြှင့်တင်ရေးအထောက်အကူပြုရန်၊ သွင်းကုန်များနှင့် ထုတ်ကုန်များသည် သတ်မှတ်ထားသည့်စံချိန်စံညွှန်းအောက်မနိမ့်ကျကြောင်းနှင့်လုံခြုံမှုရှိပြီးကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ကြောင်းအာမခံခြင်းဖြင့် စားသုံးသူများနှင့် သုံးစွဲသူများကို အကာအကွယ်ပေးနိုင်ရန်၊ ထုတ်ကုန်များနှင့်လည်း ကောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများနှင့်လည်းကောင်း ဆက်စပ်နေသော ပတ်ဝန်းကျင်ကို အန္တရာယ်ကျရောက်ခြင်း မှကာကွယ်ရေးနှင့် သဘာဝအရင်းအမြစ်များထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အထောက်အကူပြုရန်၊ သတ်မှတ် ထားသော စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် အရည်အသွေးပြည့်မီခြင်းမရှိသော ကုန်ပစ္စည်းများ၊ ဘေးဥပါဒ်မကင်း သော ကုန်ပစ္စည်းများနှင့်ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သောကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် နိုင်ငံအတွင်း သို့တင်သွင်းခြင်းမှကာကွယ်ရန်၊ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုဒေသများ ထူထောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ကုန်သွယ်ရေးဆိုင်ရာ နည်းပညာအတားအဆီးများကို လျော့ချနိုင်ရန်၊ မြန်မာ့အမျိုး သားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်နှင့်အညီ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် စံချိန်စံညွှန်းများကို အသုံးချ၍တိုင်းပြည်၏ နည်းပညာတီထွင်မှုတို့ကို လွယ်ကူချောမွေ့စေရန် ဖြစ်သည်။

ထုတ်ပြန်သည့်ရက် 2014-07-03
ဥပဒေ အမျိုးအစား Law
ထုတ်ပြန်သည့်အဖွဲ့ ပညာရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန
ပြင်ဆင်သည့်ရက် 2018-05-28 15:00:04

picture_as_pdfအင်္ဂလိပ်