အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၀) ထုတ်ပြန်ခြင်းအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြောင်းကြားခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်လိုင်စင်များအပေါ် တင်ပို့၊ တင်သွင်းခဲ့သော ဈေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများကို အမိန့်ကြော်ငြာ စာအမှတ် (၃၈/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ရာ ယင်းအမိန့်အကြော်ငြာစာသည် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန (ယခင်-စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန) က အမိန့်ကြော်ငြာစာ (၁၀/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့သည့် အကောက်ခွန်နှောင်းစာရင်းစစ်ဆေးခြင်း လုပ်ထုံးလုပ်နည်း များနှင့် လုပ်ငန်းစဉ်များ ရောထွေးမှုမဖြစ်ပေါ်စေရေးအတွက် ယခင်အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) အား လွှမ်းမိုးပယ်ဖျက်ရေး ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ကို အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၀) ဖြင့် လွှမ်းမိုး ပယ်ဖျက်ခြင်းအပေါ် သိရှိဆောင်ရွက်နိုင်ပါရန် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2020-05-11
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-06-11 07:50:06

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ