တားမြစ်ပိတ်ပင်ထားသော မြေဩဇာများအား ထုတ်ပြန် ကြေညာခြင်း ၅/၂၀၂၀

မြေဩဇာကော်မတီသည် အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီသော မြေဩဇာများအား စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများ သုံးစွဲနိုင်ရေးနှင့် မြေဩဇာလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များ မြေဩဇာထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် မြေဩဇာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိရာတွင် မြေဩဇာဥဒေပုဒ်မ ၄၈(ခ) နှင့် မြေဩဇာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၅၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်-

(က)    Ammonium Nitrate မြေဩဇာ

(ခ)     Ammonium Nitrate ကို အခြေပြုသော ကွန်ပေါင်းမြေဩဇာများတွင် Nitrogen ပါဝင်မှု ၂၈% နှင့် အထက်ရှိ မြေဩဇာများ

အပိုဒ် (၁) ပါအချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိသော မြေဩဇာလုပ်ငန်း လုပ်ကိုင်သူ များသည် မြေဩဇာဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်။

ထုတ်ပြန်သည့်ရက် 2020-04-29
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ စိုက်ပျိုးရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-03-10 07:47:25

picture_as_pdfမြန်မာ