အမိန့်ကြော်ငြာစာအမှတ်၊ ၆၄/၂၀၂၀ (သွင်းကုန်လိုင်စင်ကြေးနှုန်းထားပြောင်းလဲကောက်ခံရန် အကြောင်းကြားခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှဝယ်ယူတင်သွင်းသည့် ပစ္စည်းများအပေါ်တွင် လိုင်စင်လျှောက်ထားမှုတန်ဖိုးများအလိုက် ကောက်ခံမည့် သွင်းကုန် လိုင်စင်ကြေးနှုန်းထားများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၀-၁၀-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။

ယခုအခါ ကမ္ဘာနှင့် အဝှမ်းဖြစ်ပေါ်လျှက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျော့နည်းသက်သာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၀-၁၀-၂၀၁၉) ပါ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) ဖြင့် ထုတ်ပြန်ကောက်ခံလျှက်ရှိသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများအစား သွင်းကုန် လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း) နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ဝန်ကြီးရုံး၏ (၁၄-၉-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်သည့်ရက် 2020-04-09
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-04-09 09:01:36

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀ (သွင်းကုန်လိုင်စင်ကြေးနှုန်းထားပြောင်းလဲကောက်ခံရန် အကြောင်းကြားခြင်း) Myanmar 1.44MB file_downloadဒေါင်းလုပ်