အမိန့်ကြော်ငြာစာအမှတ်၊ ၈၀/၂၀၁၉ (နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းများမှ ထွက်ရှိသည့် ကျွန်း/ သစ်မာသစ်လုံး၊ ကျွန်း/သစ်မာတိုင်၊ ကျွန်းသစ်မာမျောများကို ပြည်ပသို့ အလုံးလိုက်တင်ပို့ခွင့်ပြု ရန် ကြေညာခြင်း)

သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်း များမှထွက်ရှိသည့် ကျွန်း/ သစ်မာသစ်လုံး၊ ကျွန်း/ သစ်မာတိုင်၊ ကျွန်းသစ်မာမျောများကို ပြည်ပသို့ အလုံးလိုက်တင်ပို့ခွင့်ပြုရန် တင်ပြလာသည့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် သစ်တောဦးစီးဌာန၏ ဌာန ဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း စနစ်တကျဆောင်ရွက် ထားခြင်း ရှိ/မရှိ (Case by Case basis) ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2019-05-31
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ သစ်တောဦးစီးဌာန
ပြင်ဆင်သည့်ရက် 2019-09-17 05:09:50

picture_as_pdfမြန်မာ