အမိန့်ကြော်ငြာစာ (၆-၅-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၃၀-က-၇၁) (ကုန်တင်ကုန်ချ ပြုလုပ်နိုင် သည့် အပြည်ပြည်ဆိပ်ကမ်းအဖြစ်သတ်မှတ်ကြောင်းနှင့် ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ်ကြောင်း ကြေငြာခြင်း)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသည် ပင်လယ်ရေကြောင်းအကောက် ခွန်ဥပဒေပုဒ်မ ၁၁ (ဂ) အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်-ကျောက်တန်းနယ်မြေ၊ သီယဝါဆိပ်ကမ်းဒေသ၊ မြေကွက်အမှတ် (၂၅၊ ၂၆) ရှိThilawa Multipurpose International Terminal (TMIT) ခေတ်မီအပြည်ပြည် ဆိုင်ရာ ဘက်စုံသုံးဆိပ်ခံတံတားအားကုန်သေတ္တာနှင့်အထွေထွေကုန်စည်များကုန်တင်ကုန်ချပြုလုပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသ၊ မြေကွက်အမှတ် (၃၀)၊ (၃၁+၃၂) ရှိ International Bulk Terminal Thilawaခေတ်မီဘက်စုံသုံးဆိပ်ခံတံတားအားဝမ်းပုံလောင်းကုန် (Bulk Cargo) ဂျုံစေ့ များတန်ချိန် (၂၀၀၀၀) ခန့် သယ်ဆောင် လာသော MV New Journey အမည်ရှိ သင်္ဘော ဆိုက်ကပ်၍ ကုန်ပစ္စည်းဂျုံစေ့များအားသင်္ဘောချ ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် အကောက်ခွန်ဆိပ်ခံတံတားနေရာအဖြစ် (၁-၅-၂၀၁၉) ရက်နေ့မှ (၃၁-၅-၂၀၁၉) ရက်နေ့ထိ ယာယီဆိပ်ကမ်းအဖြစ် လည်းကောင်း ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့ ရက်စွဲပါ စာအမှတ် (၃၀-က-၇၁)ဖြင့် ဤအမိန့် ကြော်ငြာစာအားထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2019-05-06
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2019-07-23 06:43:42

picture_as_pdfမြန်မာ