ညွှန်ကြားချက်အမှတ် ၁/၂၀၁၈ (ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များလျှောက်ထားရန်ညွှန်ကြားချက်)

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၁၃ အရ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်လိုသူသည် လိုင်စင်ရရှိရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နှင့်တကွ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။ ပုဒ်မ ၂၀ အရ လိုင်စင်ရရှိသူသည် မိမိလုပ်ငန်းတွင် အသုံးပြုမည့် လုပ်ငန်းနှင့်သက်ဆိုင်သော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။

ထုတ်ပြန်သည့်ရက် 2018-04-30
ဥပဒေ အမျိုးအစား Instruction
ထုတ်ပြန်သည့်အဖွဲ့ စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ဗဟိုကြီးကြပ်ရေးအဖွဲ့
ပြင်ဆင်သည့်ရက် 2023-03-10 10:18:14

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ