အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၈ (နိုင်ငံခြားကုမ္ပဏီများ၊ အစိုးရမဟုတ်သောပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများအားရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသောပစ္စည်းများ တင်သွင်းခွင့်ပြုခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားကုမ္ပဏီများ၊ အစိုးရမဟုတ်သော ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်အတွက် ၎င်းတို့၏ ရုံးလုပ်ငန်းသုံးပစ္စည်းများ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသောပစ္စည်းများအား သတ်မှတ် လုပ်ထုံးလုပ်နည်းများ အတိုင်းတင်သွင်းခွင့်ကို ဤအမိန့်ကြော်ငြာစာဖြင့် ခွင့်ပြုထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2018-12-21
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-12-28 09:42:36

picture_as_pdfမြန်မာ