ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၅ (ရေထွက်ပစ္စည်းများတင်ပို့/ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ)

ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက်ပစ္စည်း တင်ပို့/ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်လိုက်သည်။ အဆိုပါ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် စားသုံးသူများအား ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီသော ရေထွက်ပစ္စည်းများဖြစ်စေပြီး အာဆီယံစီးပွားရေးအသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပြုစေသည့်အပြင် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်လည်း ကိုက်ညီမည်ဖြစ်ပါသည်။ 

ထုတ်ပြန်သည့်ရက် 2015-05-08
ဥပဒေ အမျိုးအစား Instruction
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန
ပြင်ဆင်သည့်ရက် 2020-09-16 08:27:37

picture_as_pdfမြန်မာ