ညွှန်ကြားချက်အမှတ် ၉/၂၀၁၄ ပြည်ပမှငါးစိမ်းတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ထောက်ခံချက်ထုတ်ပေးခြင်းကိစ္စ

ငါးတင်သွင်းလိုသည့် ကုမ္ပဏီများမှ ငါးလုပ်ငန်းဦးစီးဌာနသို့ တင်သွင်းခွင့်ထောက်ခံချက်အတွက် တင်ပြရာတွင် တင်သွင်းလာသည့် ငါးများအား ပြည်တွင်းတွင် မည်ကဲ့သို့အသုံးပြုမည်ကို ဖော်ပြလျက် ကုမ္ပဏီမှတ်ပုံတင်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်အမှတ်၊ တင်သွင်းလိုသည့် ငါးအမျိုးအစားအလိုက် Certificate of Origin၊ Sanitary Certificate/ Health Certificate မိတ္ထူများ၊ Proforma Invoice များနှင့်အတူ တင်ပြရမည်ဖြစ်ပါသည်။ တင်သွင်းလိုသည့် ငါးအမျိုးအစားအလိုက် နမူနာအား ဓါတ်ခွဲခန်းသို့ ပေးပို့၍ ကြိုတင်စစ်ဆေးရမည်ဖြစ်ပါသည်။ ဓါတ်ခွဲခန်း၏ စစ်ဆေးချက်ရလဒ်ရရှိပါက သက်ဆိုင်ရာဌာန အကြီးအကဲထံသို့ တင်ပြ၍ ကုန်သွယ်ရေးဦးစီးဌာနသို့ ထောက်ခံချက်ထုတ်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်းသို့ ငါးစိမ်းတင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် အထက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါသည်။

ထုတ်ပြန်သည့်ရက် 2014-10-29
ဥပဒေ အမျိုးအစား Instruction
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ငါးလုပ်ငန်းဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-09-13 13:48:03

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ