အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၀၅ (စစ်ဆေးရေးစခန်းများသတ်မှတ်ဖွင့်လှစ်ခြင်း)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဤအမိန့်ကြော်ငြာစာကို ၂၀၀၅ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ တင်သွင်း/ တင်ပို့မှုအပေါ် စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါ နေရာဒေသများတွင် စစ်ဆေးရေးစခန်းများကို သတ်မှတ်ဖွင့်လှစ်ကြောင်းကြေညာလိုက်သည်-
၁။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
၂။ ရန်ကုန်ဆိပ်ကမ်း
၃။ သီလဝါဆိပ်ကမ်း
၄။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်
၅။ မောင်တောမြို့
၆။ တမူးမြို့
၇။ မူဆယ်မြို့
၈။ တာချီလိတ်မြို့
၉။ မြဝတီ
၁၀။ ကော့သောင်း

ထုတ်ပြန်သည့်ရက် 2005-04-07
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-03-10 10:24:17

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ