အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၂၀၁၅

ပြည်ထောင်စုလွှတ်တော်သည်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပြဌာန်းလိုက်သည်။ ရည်ရွယ်ချက်များမှာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့်ဆက်စပ်သည့်သတင်းအချက်အလက်၊ နည်းပညာအထောက်အကူ များနှင့်ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်စေရန်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့်ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် အဟန့်အတားများကိုလျော့ပါးစေရန် ဖြစ်သည်။

ထုတ်ပြန်သည့်ရက် 2015-04-09
ဥပဒေ အမျိုးအစား Law
ထုတ်ပြန်သည့်အဖွဲ့ စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-07-03 14:34:34

picture_as_pdfမြန်မာ