အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၁၈ (မြန်မာနိုင်ငံသားနှင့်ပေါင်းစည်းဆောင်ရွက်သောနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအားပြည်တွင်းတွင်ရင်းနှီးမြှုပ်နှံ၍ထုတ်လုပ်ရရှိသည့် အဆင့်မြင့်ကုန်ချောများအားပြည်ပသို့တင်ပို့ခွင့်ပြုခြင်း)

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့် တင်ရန်အတွက်လည်းကောင်း၊ နိုင်ငံခြားဈေးကွက်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက်လည်းကောင်းရည်ရွယ်၍ မြန် မာနိုင်ငံသားနှင့် ပေါင်းစည်းဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ် ရရှိသည့် အောက်ပါ အဆင့်မြင့်ကုန်ချောပစ္စည်းအုပ်စု (၂၂) များအား ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှ စ၍ ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက်သည်။ မြန်မာနိုင်ငံသားနှင့် ပေါင်းစည်ဆောင်ရွက်သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် အဆိုပါကုန် စည်များ ပြည်ပသို့တင်ပို့ရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်-
(က) အသား၊ ငါး
(ခ) ကောက်ပဲသီးနှံများ
(ဂ) ပလက်စတစ်အမျိုးမျိုး
(ဃ) ပျော့ဖက်နှင့် စက္ကူအမျိုးမျိုး
(င) ကြွေရည်သုတ်ပစ္စည်းများ၊ အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ ဓား၊ ခက်ရင်း အစရှိသည့် အိမ်သုံးပစ္စည်းများ
(စ) မီးလောင်လွယ်သော အခဲ၊ အရည်၊ အငွေ့၊ အေရိုဆော် (Acetylene, Gasoline, Propane, Hair Spray, Perfume, Deodorant, Insect Spray)
(ဆ) ဓာတ်တိုးစေသည့် ဓာတုပစ္စည်းများ၊ ဖိသိပ်ထားသည့် ဓာတ်ငွေ့များ၊ လောင်စားတတ်သည့် ဓာတုပစ္စည်း အမျိုးမျိုး (အငွေ့၊ အရည်၊ အခဲ)
(ဇ) သီးနှံထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်လုပ်ထားသော ဘီစကွတ်၊ ဝေဖာ၊ ခေါက်ဆွဲအမျိုးမျိုး၊ ကြာဆံ၊ မြူစွမ် စသည့်စားသောက်ကုန်များ
(ဈ) သကြားလုံး၊ ကိုကိုး၊ ချောကလက် အပါအဝင် မုန့်အချိအမျိုးမျိုး
(ည) နို့နှင့် နို့ထွက်ပစ္စည်းမှအပ ပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း ပြုလုပ်ထားသော အခြားစားသောက်ကုန်များ
(ဋ) မုယောဖောက်လုပ်ခြင်း၊ မုယောဖောက်လုပ်ခြင်းဖြင့် ထုတ်လုပ်သည့် ယမကာပစ္စည်းများ
(ဌ) ယမကာနှင့် ယမကာမဟုတ်သော အရက်၊ အရက်ပြန် စသည့်ပစ္စည်းများ
(ဎ) ဆပ်ပြာအမျိုးမျိုး
(ဏ) အလှကုန်ပစ္စည်းအမျိုးမျိုး
(တ) တိရစ္ဆာန်ရောဂါကာကွယ်ဆေး၊ တိရစ္ဆာန်သုံးဆေးဝါးအမျိုးမျိုး
(ထ) တိရစ္ဆာန်အစာနှင့် ဖြည့်စွက်စာ
(ဒ) မျိုးစေ့များ
(ဓ) စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မြေသြဇာ၊ ဟော်မုန်း၊ ပေါင်းသတ်ဆေးများ
(န) သန့်စင်ထားသည့် သတ္တုရိုင်းများ
(ပ) ကောက်ပဲသီးနှံနှင့် သစ်သီးဝလံကုန်ကြမ်းတို့မှ အဆင့်မြင့် ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများ
(ဖ) သစ်အခြေခံပရိဘောဂပစ္စည်းများ

ထုတ်ပြန်သည့်ရက် 2018-01-22
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-06-11 13:52:37

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈(နိုင်ငံခြားသာကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင် ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊လက်ကားရောင်းချခွင့်ပြုခြင်း) Myanmar 12.37MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၇(သတ်မှတ်ထားသည့် HS Code များအတိုင်း နိုင်ငံခြားသားကုမ္ပဏီများ အားကုန်သွယ်ခွင့်ပြုခြင်း) Myanmar 98.95kB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၁၇(နိုင်ငံခြားဖက်စပ်ကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီ များအား တင်သွင်းရောင်းချခွင့်ပြုသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အား HS Code ဖြင့်ဖြည့်စွက်ထုတ်ပြန်ခြင်း) Myanmar 6.29MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၁၆(နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင် ယူဆောင်လာသည့် ငွေပမာဏ အတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်ခြင်း အမိန့်ကြော်ငြာစာ) Myanmar 247.51kB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၈၅/၂၀၁၆(နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာ များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား HS Code Line ဖြင့် သတ်မှတ်ထုတ်ပြန်ခြင်း) Myanmar 4.36MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၉၆/၂၀၁၅(နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုခြင်း) Myanmar 5.43MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၆(နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား) Myanmar 243.07kB file_downloadဒေါင်းလုပ်