အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ (Dalbergia မျိုးစိတ်များအား CITES Appendix II သို့စာရင်းထည့်သွင်းခြင်း)

မျိုးဆက်ပျက်သုဉ်းလုဆဲတောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များနိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာကွန်ဗင်းရှင်း၏ (၁၇) ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်နှင့် CITES Convention မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၂၀၁၆/၀၅၇) အရ CITES Appendix I စာရင်းဝင် Dalbergia မျိုးစိတ်မှလွဲ၍ ကျန်ရှိသည့် Dalbergia မျိုးစိတ်များအား CITES Appendix II သို့ထည့်သွင်းပြီးဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့မှ ရက်ပေါင်း (၉၀) ပြည့်သည့်နေ့ (၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့) နောက်ပိုင်းတွင် စတင်သက်ဝင်မည်ဖြစ်ပါသည်။

ထုတ်ပြန်သည့်ရက် 2017-01-02
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ သစ်တောဦးစီးဌာန
ပြင်ဆင်သည့်ရက် 2019-03-19 10:46:49

picture_as_pdfမြန်မာ