မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ကြော်ငြာစာအမှတ် ( ၁ /၂၀၁၆) လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် သတ်မှတ်သည့် ကြော်ငြာစာ

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီသည် လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် သတ်မှတ်ချက်အား အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

 

လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် သတ်မှတ်သည့်ကြော်ငြာစာ

 

  • ၁။              မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ လူပုဂ္ဂိုလ် တစ်ဦးချင်းမော်တော်ယာဉ် ပါမစ်လျှောက်ထားမှု များအား ခွင့်ပြုပေးလျက်ရှိပါသည်။
  • ၂။              ယင်းသို့ လူပုဂ္ဂိုလ်တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းရန် ပါမစ်လျှောက်ထားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရာတွင် မှတ်ပုံတင်အတုများ၊ အိမ်ထောင်စုစာရင်းပုံစံ (၁၀) အတုများပြုလုပ်၍ လျှောက်ထားမှုများ စိစစ်တွေ့ရှိရသဖြင့် တရားဥပဒေနှင့် အညီ အရေးယူမှုများဆောင်ရွက်လျက်ရှိပါသည်။
  • ၃။              သို့ဖြစ်ပါ၍ လူပုဂ္ဂိုလ်တစ်ဦးချင်းမော်တော်ယာဉ်ပါမစ် လျှောက်ထားမှုများအတွက် မှန်ကန်စွာ စိစစ်နိုင်ရန်နှင့် တင်သွင်းမည့်ပုဂ္ဂိုလ်တစ်ဦးချင်း နစ်နာဆုံးရှုံးမှုမရှိစေရန် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (၅/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် အရ ၁၃-၁၂-၂၀၁၆ ရက်နေ့မှစ၍ ကိုယ်စားလှယ်များ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ကိုယ်စားစေလွှတ်ပြီး မော်တော်ယာဉ်တင်သွင်း ခွင့် လိုင်စင်လျှောက်ထားခြင်းကို ခွင့်မပြုတော့ဘဲ တင်သွင်းမည့်သူ ကာယကံရှင် ကိုယ်တိုင်လာရောက် လျှောက်ထားမှုကိုသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ လျှောက်ထားသူ၏ ဓာတ်ပုံမှတ်တမ်း ရယူထားရှိပြီးမှ သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ် ပါသည်။

 

                                                                                                   

                                                                                                                                          မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော

                                                                                                                                                  လုပ်ငန်းများကြီးကြပ်ရေးကော်မတီ

https://www.commerce.gov.mm/my/category/%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9A%E1%80%AC%E1%80%A5%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8?page=0%2C0%2C0%2C4

ထုတ်ပြန်သည့်ရက် 2016-11-30
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-12-14 07:06:57

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၅(မော်တော်ယာဉ်များကိုအပ်ကုန်စနစ်ဖြင့် တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ) Myanmar 3.59MB file_downloadဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၇(မော်တော်ယာဉ် အရောင်းပြခန်း (Show Room) တွင်ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာ၌ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ) Myanmar 574.46kB file_downloadဒေါင်းလုပ်