ဘိလပ်မြေ တန်ချိန် ရှစ်သောင်းလေးထောင်ကျော်ဝင်

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း    ကန်ဒေါ်လာ ၅၆၆၂၀၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၃၂၉၃ဒသမ၇၀ တန်ကို   ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါ တယ်။   ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၁၃၉၈၈ ဒသမ ၂၀ တန်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၁၄၀ဝ၊ မလေး ရှားနိုင်ငံမှ ၂ဒသမ ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၇၉၀၁ ဒသမ ၆၀ တန် ဝင်လာခဲ့တယ် လို့ သိရပါတယ်။ စိန်၊ ဆင်၊ ရန်ကို စတဲ့ တံဆိပ်များဝင်လာခဲ့ပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်  သီတင်းပတ်အတွင်းမှာတော့ ကန်ဒေါ်လာ ၈၇၁၀၃၈ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၇၅၂ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဧပြီလ ပထမပတ်နဲ့ တတိယပတ်အတွင်း ဘိလပ်မြေ တန် ချိန် ၈၄၀၄၅ ကျော် ဝင်လာခဲ့တယ်လို့ သိရပါတယ်။
ဘိလပ်မြေဈေးကွက် ပုံမှန် အရောင်းအဝယ်ဖြစ်
ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀ဝ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ သင်္ကြန်ပိတ်ရက်အပြီး ဘိလပ်မြေဈေးက သိပ်မပြောင်းဘူး၊ ကြံ့ (မြိုင် ကလေး) ဘိလပ်မြေသာ၁၀ဝ ကျပ်ဈေးကျခဲ့ပြီး  ကျန်ဘိလပ်မြေများက ယခင်ဈေး အတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း  ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၃၅၀ ကျပ်၊  ကြံ့(မြိုင်ကလေး) ၄၈၅၀ ကျပ်၊စိန် (ထိုင်း)၅၁၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ  အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ဆင်ကပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ စိန်နဲ့ကမ္ဘောဇက ဈေးနည်းနည်းကျလာပေမယ့် ကျန်ဘိလပ်မြေများက ယခင်ဈေးနဲ့အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ၇၅၀ဝကျပ်၊ အပါချီ ၄၉၀ဝ ကျပ်၊ ကမ္ဘောဇ ၄၆၀ဝ ကျပ်၊နဂါး ၅၂၀ဝ ကျပ်၊အေသုံးလုံး ၅၂၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီကြောင့် သင်္ကြန်ပြီးနောက် ပိုင်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးက ၁၀ဝ  ကျပ်ဝန်းကျင် ဈေးမြင့်လာခဲ့တယ် လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၆၂၀ဝ ကျပ်၊ စိန် ၆၁၀ဝ ကျပ်၊ ကြံ့နှစ်ကောင်(နီ) ၅၇၀ဝ ကျပ်၊ ကြံ့နှစ်ကောင်(စိမ်း) ၅၅၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  ဘိလပ်မြေအရောင်းဆိုင်မှ   စုံစမ်းသိရှိခဲ့ပါ
တယ်။
သီတာဝင်း(DOT)  စုစည်းသည်
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General