ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန် ၈၀ဝဝ ကျော်ဝင်

ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၄၄၆၅၈၁ တန်ဖိုးရှိ ဘိလပ်မြေ ၈၂၂၀ဒသမ ၁၀တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့တယ်လို့  သိရပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှ တန်ချိန်၈၀ဝဝ၊  ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန်၂၀ နဲ့တရုတ်နိုင်ငံမှ သုည ဒသမ ၁၀တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မလေးရှားနိုင်ငံမှ အများ ဆုံးတင်သွင်းခဲ့တာတွေ့ရပါတယ်။   ယခင်သီတင်းပတ်တင်သွင်း တန်ချိန် ၁၅၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၈၀ဝဝ ကျော်တင်သွင်းမှုပိုခဲ့တယ်လို့ သိရပါတယ်။
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General