နိုဝင်ဘာလအတွင်းနို့ဆီ တန်ချိန် ၈၀ဝ ကျော်နဲ့ နို့မှုန့်တန်ချိန် ၇၀ဝ နီးပါးဝင်

 နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၉၄၃၉၄ တန်ဖိုးရှိ နို့ဆီ ၈၃၆ဒသမ ၃၁၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလ မ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ နို့ဆီများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလမှာ တင် သွင်း ခဲ့တဲ့ နို့ဆီတန်ချိန် ၁၂၀ဝကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၆၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်းကန်ဒေါ်လာ ၉၅၉၄၀၆ တန် ဖိုးရှိ နို့မှုန့်တန်ချိန် ၃၆၂ ဒသမ ၆၄၄ တန်ကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ ပိုလန်၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဂျာမနီ နိုင်ငံ များမှတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ေ အာက်တိုဘာလအတွင်း တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၇၀ဝ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၃၀ ကျော် အဝင်ပိုခဲ့တယ် လို့ သိရပါတယ်။

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General