မုံရွာကြက်သွန်နီဈေး အနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိ
                                                                                 
                                                                            
ဒီဇင်ဘာပထမပတ်မှာ မုံရွာပဲရုံ စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက် သွန်နီအရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်နီပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၆၀ဝ၊(လတ်) ကျပ် ၅၀ဝ၊(သေး)ကျပ်၄၀ဝရှိပြီး လက်လီဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ်၁၀ဝ၀၊ (လတ်) ၈၀ဝ၊ (သေး) ကျပ် ၆၀ဝ နှုန်းပေါက်ပြီး နိုဝင်ဘာလပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၁၀ဝ၀၊ (လတ်) ကျပ်၈၀ဝ၊ (သေး)ကျပ် ၆၀ဝ ဖြစ်ပြီး လက်လီဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ်၁၃၀ဝ၊ (လတ်)ကျပ်၁၀ဝ၀၊ (သေး)ကျပ် ၈၀ဝနဲ့အရောင်းအဝယ်ဖြစ်ပြီး ယခုတစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်း ၃၀ဝကျော် ၄၀ဝခန့်ကျဆင်း သွားကြောင်း သိရပါတယ်။ မုံရွာပွဲရုံများသို့ ကြက်သွန်နီဝင်ရောက်မှုမှာ မုံရွာ၊ယင်းမာပင်မြို့နယ်များမှတစ်ရက် ပိဿာ ၃၀ ဝင်အိတ် ၅၀ဝ ခန့် ပုံမှန်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်အဆွဲနှင့် ဒေသတွင်းလက်လီပြန်လည်ရောင်းချသူများနဲ့ တစ်ပတ်လျှင် ပိဿာတစ်သိန်းဝန်းကျင်ခန့် အရောင်းအဝယ် ပုံမှန် ဖြ စ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူ ဈေးနှုန်းမှာ(ပွဲရုံ)လက်ကားဈေး (ဗမာ) တစ်ပိဿကျပ် ၅၀ဝ၀၊ (ကြူကုတ်) ကျပ် ၄၅၀ဝ၊ လက်လီ ေ ဈးနှု န်းမှာ တစ်ပိဿာ (ဗမာ)ကျပ် ၅၅၀ဝ၊ (ကြူကုတ်)ကျပ် ၅၀ဝ၀ဖြစ်ပြီး ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်တက်ပြီး တစ်ရက်အိတ် ၁၅၀ခန့် အရောင်းအ ဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရပါတယ်။
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General
