Re-export သကြား တန်လေးထောင်ကျော် တင်ပို့ တင်သွင်း
                                                                                 
                                                                            
	မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၉ရက်မှ ၂၅ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၁၂၅ တန်ဖိုးရှိRe-export  သကြား ၃၈၇တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က  ချင်းရွှေဟော်မှ သကြားတင်ပို့မှုမရှိဘဲ မူဆယ်မှသာ တန်နှစ်ထောင်ကျော် တင်ပို့ခဲ့ပါ တယ်။
	မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅၆သန်းတန်ဖိုးရှိRe-export  သကြား ၄၁၀၁ တန်ကျော် တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့  ၁၇၉၈တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မြဝတီမှ သကြား ၂၃၀၃တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။
	မော်မော်အောင်
	 
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General
