ထိုင်းနယ်စပ်မှ ရေထွက်ကုန် တန်ချိန် ၁၄၀ဝ ပိုမိုတင်ပို့
                                                                                 
                                                                            
	မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန် သွယ်ရေးစခန်းများမှ ထိုင်းနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ၄ ဒသမ ၆၂၀ သန်းတန်ဖိုးရှိ ရေထွက်ကုန်တန် ၅၀ဝဝကျော် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၆၀ဝ ကျော်သာ  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၁၄၀ဝ ကျော်ပိုမို တင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။
	တင်ပို့မှုအခြေအနေကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်တို့ကို တန် ၁၀ဝ နီးပါး၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၁ ဒသမ ၅၉၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ အခြားရေထွက်၊ ကဏန်း၊ ပုစွန်၊ ရေဘဝဲ၊ ပင်လယ်ငါးရှဉ့်တို့ကိုတန်ချိန် ၂၃၀ဝ ကျော်၊ မြိတ်ကုန်သွယ်ရေးစခန်းမှအမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉၇ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ငါးမှုန့်၊ ကင်းမွန်၊ ပုစွန်၊ ကဏန်း  တို့ကို တန်ချိန် ၂၆၀ဝကျော် တင်ပို့နိုင်တယ်လို့ သတင်းရရှိပါတယ်။      ခင်မိုးသူ
	 
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General
