မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ တတိယပတ် ပဲဈေးကွက် ဒေသသုံးပဲအချို့ ဈေးတက်လာ
                                                                                 
                                                                            
	မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ တတိယပတ် ပဲဈေးကွက်မှာ မနှစ်က ဆောင်းပဲတွေ  ဒိုင်မှာ  လက်ကျန်နည်းလာသလိုဝယ်လို အားကောင်းတဲ့ဒေသသုံး  ပဲတွေဖြစ်ကြတဲ့ ပဲနီလုံးကြား၊ ပဲပုပ်စေ့နဲ့ ကုလားပဲမျိုးစုံတို့ ဈေးတက်ခဲ့တာ တွေ့ရပါတယ်။
	ကုလားပဲဈေးကွက်မှာ ဒေသတွင်းလုပ်ငန်းသမားတွေဖြစ်ကြတဲ့ အမှုန့်ကြိတ်စက်၊ ပဲခွဲစက်နဲ့   ကြာဆန်စက်သမားတို့ပုံမှန်ဝယ်လို အားရှိတာကြောင့်v2 တစ်တင်း ကျပ် ၄၇၀ဝဝ၊ထိုင်ဝမ်တစ်တင်းကျပ် ၄၆၀ဝဝ နဲ့ 929 တစ်တင်း ကျပ်၄၅၃၀ဝအသီးသီး အမြင့်ဈေးပေါက်ခဲ့ပြီး   လက်ကျန်ရှိတဲ့v2  နဲ့ 929တစ်ရက်အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း လက်လီအသုံးများပြီး  ပဲလက်ကျန်နည်းလာတဲ့ပဲနီလုံးကြားမှာ ယခုတစ်ပတ်အတွင်း တစ်တင်းကျပ်၂၀ဝဝဝအထိ အမြင့်ဈေးရပြီး တစ်ရက်အိတ် ၁၅၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့သလို ပဲပုပ်စေ့လည်း တစ်တင်း ကျပ်၁၇၅၀ဝ မှ ကျပ်၂၀ဝဝဝအထိ ဈေးမြောက်ကာ တစ်ရက်အိတ်၁၀ဝကျော် အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်ကကြားသိရပါ တယ်။ယခုတစ်ပတ်မှာ ငုံနီဈေးကွက် ဆက်လက်ပျောက်နေခဲ့ကာ တစ်တင်း ကျပ် ၂၈၂၀ဝ မှ ၂၈၅၀ဝ အတွင်း ဈေးအေးနေပြီး တစ်ရက်အိတ် ၁၀ဝ ဝန်းကျင်သာ အရောင်းအဝယ်ရှိခဲ့တာတွေ့ရပါတယ်။ ပဲတီစိမ်းဈေးကွက်မှာတော့ပဲဝင်ရောက်မှုမရှိသလောက်နည်းခဲ့ရာ   စိမ်းကြီးသာတစ်တင်း ကျပ် ၂၅၀ဝဝ ဈေးပေါက်နေပြီး တစ်ရက်အိတ် ၁၅၀ စီနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။  မတ်ပဲဈေးကွက်မှာလည်း ယခုမှပဲအသစ် စတင်ဝင်ရောက်လာခဲ့ပြီး တစ်တင်း ကျပ်၃၅၀ဝဝဈေးပေါက်ခဲ့ကာ   အဟောင်းတစ်တင်း ကျပ် ၄၀ဝဝဝ ဈေးပေါက်ခဲ့ပြီး တစ်ရက် အိတ် ၁၀ဝခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်မှ သိရပါတယ်။
	အခြားပဲမျိုးစုံ ဈေးကွက်မှာလည်း  ပဲသစ်စိုက်ပျိုးချိန်ရာသီဖြစ်လို့ ပဲဟောင်းလက်ကျန် နည်းချိန်ဖြစ်ရာ ဒေသသုံးပဲလက်လီ အများစု ဆက်လက်ဈေးမာနေတာတွေ့ရပါတယ်။ထောပတ်ပဲ တစ်မျိုးသာ တစ်တင်း ကျပ် ၁၅၀ဝဝ ဈေးမှာ တန့်နေခဲ့ပြီး ပဲကြီးကတစ်တင်းကျပ် ၂၆၅၀ဝ၊ စွန်တာနီတစ်တင်းကျပ် ၁၆၅၀ဝ၊ မလွမ်းပိုကျပ် ၂၀၅၀ဝ၊ ပုဂံပဲတစ်တင်း ကျပ်၂၅၀ဝဝ၊ မြေထောက်ပဲ တစ်တင်းကျပ် ၂၇၀ဝဝ နဲ့ ပဲယင်း (ဝါ)တစ်တင်း ကျပ်  ၁၆၀ဝဝ  အသီးသီး ပေါက်ဈေးမာနေခဲ့ကာပဲတစ်မျိုး တစ်ရက် လက်လီအိတ် ၁၀ဝ ဝန်းကျင် အရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်ကလေ့လာသိရှိရပါတယ်။   ထွန်းလှိုင် (မုံရွာ)
	 
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General
