မုံရွာကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်း
                                                                                 
                                                                            
	မုံရွာကြက်သွန်နီဈေးနှုန်းက နိုဝင်ဘာဒုတိယပတ်မှာ ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။ ပြည်ပမှဝယ်လက်အဆွဲနည်းသွားသလို ဒေသတွင်းဝယ်လက်သမားများလည်းအဆွဲနည်းသွားတဲ့အတွက်ဈေးနှုန်းကျဆင်းသွားကြောင်းသိရှိရပါတယ်။ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကားတစ်ပိဿာ(ကြီး) ကျပ်၈၀ဝ၊ (လတ်) ကျပ် ၆၀ဝ၊ (သေး) ကျပ်၄၀ဝ နှုန်းရှိပြီး လက်လီဈေးနှုန်းတစ်ပိဿာ(ကြီး) ကျပ် ၁၀ဝဝ၊ (လတ်) ကျပ် ၉၀ဝ၊ (သေး) ကျပ၆၀ဝနှုန်းဖြစ်ပြီး ယခင်တစ်ပတ်ပွဲရုံဈေးနှုန်းမှာ  တစ်ပိဿာ(ကြီး) ကျပ် ၁၀ဝဝ၊ (လတ်) ကျပ် ၈၀ဝ၊ (သေး) ကျပ် ၆၀ဝလက်လီဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)  ၁၃၀ဝ ကျပ်၊ (လတ်) ၁၁၀ဝကျပ်၊ (သေး)ကျပ် ၉၀ဝနှုန်းတို့ဖြင့်
	ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်းကျပ် ၂၀ဝ ကျော် ၃၀ဝခန့် ကျဆင်း သွားပြီး ဈေးကွက်အတွင်းသို့တစ်ရက်ပိဿာ ၃၀ဝင်အိတ် ၂၅၀ မှ မုံရွာကြက်သွန်နီပွဲရုံများမှသိရှိရပါတယ်။  ကြည်ကြည်နွယ် - မုံရွာ
	 
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General
