ယခင်နှစ်ထက် ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂၇၅ သန်းကျော် ပိုမိုတင်ပို့နိုင်ပြီးသွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ လျော့နည်းတင်သွင်း

မြန်မာနိုင်ငံ၏ လက်ရှိကုန်သွယ်မှုအခြေ အနေကို လေ့လာကြည့်လျှင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလ ပထမ ပို့ကုန်အမေရိကန်ဒေါ်လာ၅၉၃၅သန်းကျော်၊သွင်းကုန်အမေရိကန်ဒေါ်လာသန်း၇၆၇၀ကျော်ရှိပြီးစုစုပေါင်းကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၁၃၆၀ဝ ကျော်ရှိခဲ့ပါ တယ်။ယခင်နှစ်အလားတူကာလနှင့်  နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်တင်ပို့မှုတွင် အမေရိကန် ဒေါ်လာ၂၇၅သန်းကျော်  ပိုမိုတင်ပို့နိုင်ပြီး၊ သွင်း ကုန်တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၅၀ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ စုံစမ်းသိရှိရပါတယ်။ဒီနှစ်မှာအမေရိကန် ဒေါ်လာ ၆၁၈ သန်း ကျော်တန်ဖိုးရှိCMPချုပ်ပြီးအထည်၊ အမေရိ ကန်ဒေါ်လာသန်း ၁၀ဝ တန်ဖိုးရှိမတ်ပဲ၊ အမေ ရိကန်ဒေါ်လာ၅၂ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း၊ အမေရိကန်ဒေါ်လာသန်း၃၀ကျော် တန်ဖိုး ရှိမြေပဲဆန်တို့ကိုတင်ပို့နိုင်ခဲ့ကြောင်း၊   Value Added အနေဖြင့်အမေရိကန်ဒေါ်လာ၂၈သန်းကျော်တန်ဖိုးရှိသစ်ပါးလွှာနှင့်အထပ်သား၊အမေရိကန်ဒေါ်လာ၂၈သန်းတန်ဖိုးရှိရေထွက်ပစ္စည်း များRe-export  စနစ်ဖြင့် တင်ပို့တဲ့ အမေရိ ကန်ဒေါ်လာ ၅၄၇ သန်းကျော်တန်ဖိုးရှိသကြား၊ အမေရိကန် ဒေါ်လာ ၁၅ သန်းကျော် တန်ဖိုးရှိဒီဇယ်ဆီတို့ကို ပိုမိုတင်ပို့နိုင်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ယခုနှစ်မှာတော့ အမေရိကန်ဒေါ်လာသန်း ၉၀ဝကျော် တန်ဖိုးရှိ သဘာဝဓာတ်ငွေ့ကိုတင်ပို့ ခဲ့ရာယခင်နှစ်ကထက် လျော့နည်းတင်ပို့ခဲ့တာကို တွေ့ရပါတယ်။သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ တန်ဖိုးရောတန်ချိန်ပါတင်ပို့မှုကျဆင်းခဲ့တဲ့အချက်ကိုကြည့်ပါကသဘာဝသယံဇာတပစ္စည်းများထွက်ရှိမှု၊ထုတ်လုပ်မှုစွမ်းအားကျဆင်းနိုင် ခြင်း၊ကမ္ဘာ့ဈေးကွက်ပေါ်တွင်မူတည်၍ ဈေးနှုန်း များကျဆင်းခြင်းကြောင့်ဖြစ်နိုင်ကြောင်း သုံး သပ်ရရှိပါတယ်။ဒါ့အပြင် ကျောက်စိမ်းနဲ့သတ္တုရိုင်းတင်ပို့မှု မှာလည်းအမေရိ ကန်ဒေါ်လာသန်း ၂၃၀ ကျော် လျော့နည်းတင်ပို့ခဲ့တာကိုလည်းတွေ့ရပါတယ်။  လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုမှာလည်း ဆန်၊ဆန်ကွဲ တင်ပို့မှုမှာ ယခင်နှစ်ထက်လျော့နည်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဆန်တင်ပို့မှုမှာ   နိုင်ငံတကာဝယ်လိုအားနဲ့ ဈေးနှုန်းကျဆင်းမှုရှိတဲ့အပြင် မိမိပြည်တွင်း ဆန် ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့်တင်ပို့မှုလျော့နည်းရခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါ တယ်။ ပြောင်းတင်ပို့မှုမှာလည်း ကမ္ဘာ့ပြောင်း ဈေး ကျဆင်းမှုကြောင့် တင်ပို့မှုလျော့နည်းရ ကြောင်း သိရှိရပါတယ်။ဒီနှစ်မှာပြည်ပမှပိုမို တင်သွင်းနိုင်တဲ့ ပစ္စည်း တွေကတော့   အမေရိကန်ဒေါ်လာ ၇၈သန်း တန်ဖိုးရှိ  ဓာတ်မြေဩဇာများ၊ အမေရိကန် ဒေါ်လာ ၆၁ သန်း တန်ဖိုးရှိ မော်တော်ဆိုင်ကယ်၊ဆိုင်ကယ်အပိုပစ္စည်းများ၊ အမေရိကန်ဒေါ်လာ ၄၁သန်းတန်ဖိုးရှိလုပ်ငန်းသုံးသီးနှံဆီများ၊ အမေ ရိကန်ဒေါ်လာ ၃၆သန်းတန်ဖိုးရှိလယ်ထွန်စက်များ၊အမေရိကန်ဒေါ်လာ၃၇သန်းကျော်တန်ဖိုးရှိဖန်ဆောက်လုပ်ရေးပစ္စည်းများပိုမိုတင်သွင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ယခင်နှစ်ထက် လျော့နည်းတင်သွင်းတဲ့ အဓိကသွင်းကုန်ပစ္စည်းတွေကတော့ အမေရိ ကန်ဒေါ်လာ ၆၉၅သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပစ္စည်း၊ အမေရိကန်ဒေါ်လာသန်း၂၁၀တန်ဖိုးရှိစက်နှင့်စက်ပစ္စည်း၊အမေရိကန်ဒေါ်လာ၁၇၃သန်းကျော်တန်ဖိုးရှိတယ်လီဖုန်းနှင့်ဆက်သွယ်
ရေးပစ္စည်းကိရိယာများ၊ အမေရိကန်ဒေါ်လာ ၁၄၈သန်းကျော်တန်ဖိုးရှိ ရေနံထွက်ပစ္စည်း၊ အမေရိကန်ဒေါ်လာ ၄၂သန်းတန်ဖိုးရှိ သံနှင့်သံမဏိပစ္စည်း၊အမေရိကန်ဒေါ်လာ၁၃၁သန်းကျော်တန်ဖိုးရှိစားအုန်းဆီတို့ကိုလျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။သွင်းကုန်မှာအဓိကလျော့နည်းတာကရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေတင်သွင်းမှုမှာအစိုးရကဏ္ဍအနေနဲ့အမေရိကန် ဒေါ်လာသန်း ၉၃၀ လျော့ နည်းတင်သွင်းခဲ့တာကိုတွေ့ရှိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်   ပြည်ပပို့ကုန်တိုးမြှင့်နိုင် ရေးအတွက်Re-export ကုန်သွယ်မှုအား(သကြား၊ ကွမ်းသီး၊ စက်သုံးဆီ) စတဲ့  အခြားပစ္စည်းများ ကို အောင်မြင်အောင်တင်ပို့နိုင်ခဲ့ခြင်းနှင့်CMPချုပ်ပြီးအထည်များပိုမိုတင်ပို့နိုင်ခဲ့ခြင်းတို့ကြောင့်သဘာဝသယံဇာတပစ္စည်းများတင်ပို့မှုလျော့ နည်းသော်လည်း ပို့ကုန်ကို ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရှင်မင်းအံ့(တန့်ဆည်)
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General