ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန် ၄၀ဝ ကျော်ဝင်

သြဂုတ် ၁၄ ရက်မှ ၂၀ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၂၂၁၆၂၂ တန်ဖိုးရှိ အဆင့်မြင့်ဒီဇယ် ၁၄၉ ဒသမ ၆၆၇ တန်နဲ့ ကန်ဒေါ်လာ ၁၅၀၅၁၁၀၂ တန်ဖိုးရှိ ဓာတ်ဆီ၂၉၃ဒသမ၄၉၄တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဒီဇယ်၊ဓာတ်ဆီအဝင် စုစုပေါင်းမှာ ၄၄၃ ဒသမ ၁၆၁ တန် တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ၉၂နဲ့ ၉၅တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်၊ ဓာတ်ဆီအဝင် စုစုပေါင်းမှာ ၆ တန်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၄၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ် လို့သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခ န်းမှ ကန်ဒေါ်လာ၉၀ဝ၂၄၅တန်ဖိုးရှိဒီဇယ် ၁၈၇၂တန်၊ ကန်ဒေါ်လာ ၁၇၅၂၈၀ တန်ဖိုးရှိ ၉၂ တန်ချိန် ၃၄၀ တင်သွင်းခဲ့သလို တာချီလိတ်စခန်းမှ ကန်ဒေါ် လာ ၁၅၉၈၈ တန်ဖိုးရှိဒီဇယ် ၃၅တန်နဲ့ မြဝတီစခန်းမှ ကန်ဒေါ်လာ ၁၄၃၇၁ တန်ဖိုးရှိ ဒီဇယ်၂၈တန်နဲ့ကန်ဒေါ်လာ ၂၂၉၈၇ တန်ဖိုးရှိ ဓာတ်ဆီ ၄၁ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် များမှာ ရောင်းချနေတဲ့ ဒီဇယ်ဈေးနဲ့အဆင့် မြင့် ဒီဇယ်ဈေးမှာ ဈေးငြိမ်နေသော်လည်း 95 နဲ့ 92 မှာ ဈေးအ န ည်းငယ်မြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ် ၅၃၀ ကျပ်၊ အောက်တိန်း ( ) ၅၄၀ ကျပ်၊ အောက်တိန်း (၉၅) ၆၁၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၅၆၀ ကျပ်နဲ့ အရောင်းအဝ ယ်ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၂၂ရက်က ဒီဇယ်ဝယ်ဈေး ၁၀၆၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၁၀ဝ၀ဝ ကျပ်နဲ့ တစ် ပတ်လုံး ဒီဈေးနဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ဓာတ်ဆီပီပါ ဈေးမှာ သြဂုတ် ၂၂ ရက်တွင် ဝယေ် ဈး ၁၂၁၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၂၆၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ ဈေးငြိမ်နေေ ပမယ့် ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး ကျပ် ၃၀ဝ၀ နီးပါး ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ တစ်ဂါလန်ဈေးမှာ မပြောင်းဘဲ ဒီဇယ် ရော ဓာတ်ဆီပါ ယခင်တစ်ပ တ်ဈေးဖြစ်တဲ့ တစ်ဂါလန်၂၈၀ဝ-၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအ ဝယ်ရှေိ နတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီက ဈေးငြိမ်ပြီး ဒီဇယ်၊ အဆင့် မြင့်ဒီဇယ်နဲ့ အောက်တိန်းက ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၃၈ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၅၈၀ ကျပ်၊ အောက် တိန်း (92) ၅၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ သြဂုတ် ၂၂ ရက် ဒီဇယ်ဝယ်ဈေး ၁၁၁၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၁၅၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၄ရက်တွင် ဝယ်ဈေး၁၀၈၀ဝ၀ကျပ်၊ ရောင်း ဈေး ၁၁၃၀ဝ၀ ကျပ်ဈေးနဲ့ အရော င်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီ ဈေးမှာ သြဂုတ် ၂၂ ရက်တွင် ဝယ်ဈေး ၁၃၀ဝ၀ဝကျပ်၊ ရောင်းဈေး ၁၃၂၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးအပြောင်းအလဲ သိပ်မရှိဘူးလို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၂၆၀ဝ ကျပ်၊ ဓာတ်ဆီ ၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောငြ် ကီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ ၊ ဒီဇယ်မှာ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင် မှာရောင်းချနေတဲ့ ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၂၅၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀ဝ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၂၆၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန်၂၇၀ဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ် ကပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီနဲ့ဒီဇယ်ဈေးငြိမ်နေသော်လည်း အောက်တိန်း မှာ ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်း ချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၀ဝ၀ကျပ်၊ဒီဇယ်တစ်ဂါလန် ၂၅၆၅ကျပ်၊ အောက်တိန်းတစ်ဂါလန် ၂၄၇၅ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ် ဂါလန် ၃၁၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀ဝ ကျပ်၊ ေ အာက်တိန်း တစ်ဂါလန် ၂၅၀ဝကျပ် နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General