မြဝတီကုန်သွယ်ရေးဇုန်တွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင်လျှောက်ထားနိုင်ပြီ

မြဝတီကုန်သွယ်ရေးဇုန်တွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင် လျှောက်ထားခြင်းစနစ် (Fully Online Licensing System) ကို သြဂုတ်လအတွင်းမှစတင်၍ ကျင့်သုံးတော့မည်  ဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်၏ ဇူလိုင် ၂၉ရက်က ကျင်းပခဲ့သည့်  ကုန်သွယ်မှုမြှင့်တင်ရေး  ညှိနှိုင်းအစည်း အဝေးမှ သိရသည်။
အဆိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းစနစ် ကို အပြည့်အဝ ကျင့်သုံးနိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ် ခြင်းနှင့်e-Token ရောင်းချခြင်း လုပ်ငန်းရပ်များကို သြဂုတ် လအတွင်း မြဝတီကုန်သွယ်ရေးဇုန်တွင် စတင်ပြုလုပ်နိုင်ရန် အတွက် နေပြည်တော်ရှိ ကုန်သွယ်ရေးဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် များမကြာမီတွင် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင် သွားရောက်၍ လိုင်စင်လျှောက် ထားရန်မလိုတော့ဘဲ မြဝတီမြို့၌ပင်  မှတ်ပုံတင်ပြုလုပ်နိုင် တော့မည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်လမှစတင်၍(Fully Online Licensing System) ကို စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် ပို့ကုန်ပစ္စည်း ၂၈ မျိုး၊ သွင်းကုန်ပစ္စည်း ၁၅မျိုး၊ စုစုပေါင်း ၄၃ မျိုးတို့အား ဇွန်လ ၇ရက်မှ စတင်ကာ အွန်လိုင်းအသုံးပြု၍  လျှောက်ထား ခွင့်ပြုခဲ့သည်။ CMPများကို ဇူလိုင်လအတွင်းက အွန်လိုင်း စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
အဆိုပါ(Fully Online Licensing System) နှင့် ပတ် သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏   တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ် သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။                                   ခင်မိုးသူ
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General