အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေးဆက်လက်ကျဆင်း

ယခုတစ်ပတ်အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ပဲတီစိမ်း ဈေးဆက်လက်ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ် က ဈေးကျဆင်းခဲ့တဲ့ပဲစင်းငုံနီဟာ ယခုတစ်ပတ်မှာလည်းဈေးဆက် လက်ကျဆင်းခဲ့ပြီး တစ်ပိဿာကို  ကျပ် ၁၈၀ဝ  (တစ်တန်ကို ၁၁၀၂၃၀၂ ကျပ်)နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ရက်ကိုပဲစင်းငုံနီ  အိတ် ၁၀ဝခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းလည်း သိရပါတယ်။ အလားတူ ယခုတစ်ပတ်မှာ ပဲတီ စိမ်းဈေး  ဆက်လက်ကျဆင်းခဲ့ပြီး တစ်ပိဿာ   ၉၇၅ ကျပ် (တစ်တန်ကို ၅၉၇၀၈၀ ကျပ်)နဲ့  ဈေးဖွင့်ခဲ့ပါတယ်။ ပဲတီစိမ်း ကတော့ တစ်နေ့ကိုအိတ် ၈၀ဝခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ ဈေးအတက်အကျ မရှိဘဲ ငြိမ်နေ ခဲ့ပြီး ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း နှမ်းနီတစ်ပိဿာ ၁၉၃၅ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၁၁၀ ကျပ်နဲ့ သိပ္ပံနှမ်းကတော့ ယခင် တစ်ပတ်ထက်ဈေးအနည်းငယ်မြင့်ပြီး တစ်ပိဿာကျပ် ၃၄၀ဝ နဲ့ ယခုတစ်ပတ်မှာ ဈေးဖွင့်ခဲ့ပါတယ်။ နှမ်းမျိုးစုံတစ်နေ့ကို အိတ် ၃၅၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General