ပြည်ဈေးကွက်မှာ နှမ်းနီဈေး အနည်းငယ်မြင့်တက်

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီဈေးအနည်းငယ်တက်လာပြီး နှမ်း နက်နဲ့ စမုံနက်နှမ်းဈေးပုံမှန်ဖြစ်နေတာ တွေ့ရပါတယ်။ မြန်အောင်ဘက်မှ တစ်နေ့ လျှင် အိတ် ၅၀ဝ ခန့် ဝင်ရောက်လာတာ  တွေ့ရပါတယ်။ အချို့ဒေသများတွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်သဖြင့် နှမ်းအဝင်နည်းသွားတာဖြစ်တယ်လို့ သိရပါ တယ်။ မန္တလေးဝယ်လက်များက နှမ်းနက်ကို ဝယ်ယူနေသော်လည်း ပစ္စည်းမရှိ၍ ဈေးမတက်ဘဲ ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။ ယခုနှစ်မိုးနှမ်းရာသီတွင် နှမ်းရိတ် ခါနီးမှ မိုးများရွာကျခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် နှမ်းအထွက်နည်းမည် ဟု တောင်သူတစ်ဦးက ပြောကြားပါတယ်။
နှမ်းနီကိုဆီစက်သမားများက အဝယ်ရှိသဖြင့် နှမ်းနီဈေးမှာ သုံးတင်း တစ် အိတ်လျှင် ကျပ် ၅၀ဝ၀ ဈေးမြင့်လာတာ တွေ့ရပါတယ်။ နှမ်းနီတစ်တင်းလျှင် ကျပ် ၂၈၃၀ဝ၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၃၃၀ဝ၀ နှင့် စမုံနက်နှမ်းတစ် တင်းလျှင် ကျပ် ၄၃၀ဝ၀ ဈေးဖြင့် တစ်နေ့လျှင် နှမ်း အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။                                                                                           ဝေဝေမင်း
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General