ကုန်သွယ်ရေးစခန်းများမှ ကြက်သွန်နီရော ကြက်သွန်ဖြူပါ တင်ပို့မှုလျော့နည်း

သြဂုတ်လပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၁၄၄၁၀ဝ တန်ဖိုးရှိ ကြက်သွန်နီတန် ၅၅၀ ၊ မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၈၇၁၀ဝ တန်ဖိုးရှိ ကြက်သွန်နီ ၅၂၂ တန် ကျော်နဲ့ တာချီလိတ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅၃၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀ဝ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ ၆၃၄တန်နီးပါး၊ မြဝတီမှ ၆၆၅ တန်ခွဲနဲ့ တာချီလိတ်မှ တန်၂၀ဝ တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်ရော မြဝတီပါ ကြက်သွန်နီတင်ပို့မှု လျော့နည်းသွားခဲ့တာ တွေ့ရပါတယ်။ တာချီလိတ် ကုန်သွယ်ရေး စခန်းကတော့ ကြက်သွန်ဖြူတင်ပို့မှု အပတ်စဉ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူတင်ပို့မှု မရှိခဲ့ပါဘူး။ ဇူလိုင်နောက်ဆုံးပတ်က ရန်ကုန်ဈေးကွက်မှာ ကြက် သွန်နီ တစ်ပိဿာ ကို ၆၀ဝ-၈၀ဝ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိ သာ ၄၀ဝ၀-၄၅၀ဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General