ဘိလပ်မြေဈေးကွက်မှာ မိုးများပေမယ့် အရောင်းအဝယ်ဖြစ်စွာလျော့
                                                                                
                                                                            
ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၃၁၂၅၇ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိ လပ်မြေ အဝင် မှာ ၄၆၁၀၇ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၄၈၀ဝကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၆၆၈ တန် ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၈၈၂၄ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ ၈၁၅၅ တန် ကျော်အ ဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ် ပတ်မှာ ရေလမ်းမှရောနယ်စပ်လမ်းမှ ပါ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန် ဖြစ်ပေမယ့် ဈေးငြိမ်နေသေးတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၅၃၂၅ ကျပ်၊ ကြံ့(မြိုင်ကလေး)၄၈၅၀ ကျပ်၊စိန် (ထိုင်း) ၅၁၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်း ဝယ်ရေး ဆိုင်မှ သိရှိရပါတယ်။ တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးသလို ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ စိန် (ထိုင်း) ၇၅၀ဝ ကျပ်၊ ဆင်(ထိုင်း) ၇၅၀ဝ ကျပ်၊ အေသုံးလုံး ၅၂၀ဝ ကျပ်၊ အပါချီ ၄၉၀ဝ ကျပ်၊ ကမ္ဘောဇ ၄၈၀ဝ ကျပ်၊ နဂါး ၅၂၀ဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ ပတ် လမ်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီတစ်ပတ်ဆင်(ထိုင်း)က ဈေးနည်းနည်းကျလာပေမယ့် ကျန် ဘိလပ်မြေ များက ငြိမ်နေသေးတယ်လို့ အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောခဲ့ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင် (ထိုင်း) ၆၅၀ဝ ကျပ်၊ အပါချီ ၅၃၀ဝ ကျပ်၊ မြင်းခေါင်း၅၅၀ဝ ကျပ်၊ ကြံ့ ၆၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်း သိရှိခဲ့ပါတယ်။
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
 - ကဏ္ဍ General