ပခုက္ကူဈေးကွက် ကြက်သွန်နီ အဝင်နည်းသလို ဈေးလည်းကျဆင်း
                                                                                
                                                                            
ပခုက္ကူကြက်သွန်နီဈေးကွက်တွင် ဇွန်လအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ ဈေးအနည်းငယ် ကျလာတာနဲ့အမျှ အရောင်း အဝယ်အနည်း ငယ် အေးလာတာကို တွေ့ရပါတယ်။ ဇွန်လအတွင်း ကြက်သွန်နီဆောင်း စိုက်(ပင်စိုက်) များ ဈေးမှာထိပ်စ တစ်ပိဿာလျှင် ကျပ် ၅၈၀ ရှိ၍ အလတ်စ တစ်ပိဿာလျှင်ကျပ် ၅၀ဝ နဲ့ အောက်စ တစ်ပိဿာလျှင်ကျပ် ၄၀ဝ အထိဈေးအမြင့်ရရှိခဲ့ပြီး နေ့စဉ် ပိဿာချိန် (၈၀ဝ၀ဝ မှ ၁၀ဝ၀ဝ၀)အထိ အရောင်းအဝယ်ဖြစ်ခဲ့ ရာမှ ဇွန်လဆန်းပိုင်း တွင် ဈေးနှုန်းစတင်ကျဆင်းလာခဲ့ရာ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၅၅၀ ရှိ၍ ဇွန်လဒုတိယပတ်နှင့်တတိယပတ်များတွင် ထိပ်စ တစ် ပိဿာ လျှင်ကျပ် ၅၂၅၊ ဇွန်လနောက်ဆုံးပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ ကျပ် ၄၈၀၊ အလတ်စ ကျပ် ၄၀ဝ နှင့် အောက်စ ကျပ် ၃၇၅ အထိ တဖြေးဖြေး ကျဆင်းလာခဲ့ရာ အဝင်မှာလည်း နေ့စဉ်ပိဿာချိန်(၂၀ဝ၀ဝ မှ ၃၀ဝ၀ဝ) ကြားသာဝင်ရောက်နေခဲ့ပါတယ်။ယခုလိုဈေးကျလာခြင်းမှာ ကြက်သွန်နီ ရဲ့ အရည်အသွေးကြောင့်ဖြစ်သလို ကြက်သွန်နီစိုက်တောင်သူများနှင့် ကြက်သွန်နီသိုလှောင်ထားသူများမှ ဈေးနှုန်းကျ ဆင်းခြင်းကြောင့် တွက်ခြေမကိုက် အကျိုးအမြတ်ဖြစ်ထွန်းမှုနည်းပါ၍ တက်ဈေးကို မျှော်မှန်းကာ အထုတ်နည်း ပါးခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
 - ကဏ္ဍ General