ပြောင်းတင်ပို့မှု ပိုမိုလာ

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းစုံမှ ကန်ဒေါ်လာ ၃ ဒသမ ဝ၇၀ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၉၆၈ တန်ခွဲကို ဇွန် ၄ ရက် မှ ၁၀ ရက်တာကာလအတွင်း တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်း အလိုက်တင်
ပို့ခဲ့တာကတော့ မူဆယ်မှ တန်ချိန် ၉၅၅၀ဝ၊ လွယ်ဂျယ်မှ ၂၂၀၂ တန်ခွဲ၊ ချင်းရွှေဟော်မှ ၁၀၆ တန်နဲ့ ကန်ပိုက်တီးမှ ၅၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေးခုကနေ ပြောင်းတန်ချိန် ၉၅၇၆ တန်ခွဲသာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်
ပတ်ပြောင်းတင်ပို့မှုမှာ ၂၃၃၇ တန်ပိုမိုလာတာတွေ့ရပါတယ်။ သယ်ယူစရိတ်မှာ ယခု တစ်ပတ်အတွင်းြေ ပာင်း တစ်ပိဿာကို ၆၆-၇၀ ကျပ်ရှိပြီး ပြောင်းကားဝင်ရောက်မှု ၃၄၂ စီးရှိတယ်လို့ သိရ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဇွန် ၃ ရက်ကပြောင်း တစ်တန်ကို မိမိဘက်ပေါက်ဈေး ၂၉၆၄၉၉ ကျပ်ရှိရာမှ ဇွန် ၁၀ ရက်တွင် ၂၉၉၅၅၂ ကျပ်သို့ဈေးမြင့်တက်လာခဲ့တယ်လို့ သတင်းရရှိပါတယ်။

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General