ပြည်ပနိုင်ငံများမှ ကော်ဖီစေ့များ ဝယ်ယူမှုကြောင့် ဈေးနှုန်းများမြင့်တက်
ရှမ်းပြည်နယ်ရွာငံမြို့နယ်မှ ထွက်ရှိတဲ့ကော်ဖီစေ့များ ကို ပြည်ပ နိုင်ငံများမှ ဝယ်လိုအားမြင့်တက်လာသဖြင့် ရွာငံဒေသထွက် ကော်ဖီစေ့ ဈေးနှုန်း များ မြင့်တက်နေကြောင်း၊ ရွာငံမြို့မှ ထွက်ရှိတဲ့ကော်ဖီစေ့များကို တရုတ်နိုင် ငံ၊ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံများ
သို့တင်ပို့ပြီး ဂျပန်နိုင်ငံမှလည်းဝယ်ယူရန် ဈေးကွက်ကို စောင့်ကြည့်လေ့လာနေကြောင်း ရွာငံ ကော်ဖီ အသင်းမှ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ ခုနှစ် ဇွန် ၁ ရက်မှ ၁၅ ရက်အတွင်း ကန်ဒေါ် လာ ၁၀ဝ၂၁၈ တန်ဖိုးရှိတဲ့ ကော်ဖီစေ့ ၉၈ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း ၊ ကော်ဖီစေ့တစ်တန်ကို မြန်မာငွေကျပ် ၁၂ သိန်းကျော်ဈေး ရရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ ၂၀၁၅ ခုနှစ်ကော်ဖီရာသီချိန်တွင် ရွာငံမှ ကော်ဖီစေ့များကို တရုတ်နိုင်
ငံသို့ တန် ၂၄၀၊ ထိုင်းနိုင်ငံသို့ တန် ၃၀၊ ပြည်တွင်းဈေးကွက် သို့တန် ၃၀ နဲ့ ဂျပန်နိုင်ငံသို့ ၁၈ တန် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
- အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
- ကဏ္ဍ General