ဂျပန်ဗဟိုဘဏ်က မူဝါဒကိုမပြောင်းဘဲ ဆက်လက်ထိန်းထားတဲ့အတွက် ဈေးကွက် ကို အံ့အားသင့်စေခဲ့

ဗဟိုဘဏ်အတိုးနှုန်းမူဝါဒကို သုညနီးပါးအတိုင်းဆက်လက်ထိန်းထားပြီး နှစ်အလိုက်ငွေကြေးအခြေခံကို ယန်းထရီလီယံ ၈၀ နှုန်းအတိုင်းဆက်လက်ထား ရှိမှာဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်က ဧပြီ ၂၈ ရက်မှာ ကြေညာခဲ့တဲ့အတွက်                    ဈေးကွက်ရှိရင်းနှီးမြှုပ်နှံသူတို့ကို ထပ်မံအံ့အားသင့်စေခဲ့ပါတယ်။
ယခုဆုံးဖြတ်ချက်ကို နှစ်ရက်ကြာမူဝါဒအစည်းအဝေးအပြီးမှာ ထုတ်ဖော် ကြေညာခဲ့တာဖြစ်ပြီး ကြေညာချက်ကြောင့် ငွေကြေးဖောင်းပွမှုနှုန်း  ကျဆင်းမယ့် အလားအလာတွေရှိနေချိန်နဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုက ပို့ကုန်များကျဆင်း အောင်ဖန်တီးနေချိန်မှာ ဂျပန်ဗဟိုဘဏ်က ငွေကြေးတွန်းအားပေးလှုံ့ဆော်မှု အစီအစဉ်ကို အဆမတန်  တိုးမြှင့်ဆောင်ရွက်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ဈေးကွက် လေ့လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
ဂျပန်ယန်းငွေတန်ဖိုးမြင့်တက်နေတဲ့အတွက်လည်း ဂျပန်ဗဟိုဘဏ်က ယန်း ငွေကြေးတန်ဖိုးကို ထိန်းချုပ်စေမယ့် အလားအလာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အီကွီတီရှယ်ယာဈေးကွက်နဲ့ ကုန်စည်ဈေးကွက်တွေ ကျဆင်းနေတဲ့အချိန်မှာ ယန်းငွေတန်ဖိုးက မြင့်တက်လာလေ့ရှိပြီး ယခုနှစ်အတွင်းမှာ ဒေါ်လာနဲ့ ဖလှယ်တဲ့ အခါ ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါ တယ်။

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General