တောင်ကိုရီးယား စီးပွားရေးဖွံ့ ဖြိုးမှု ကျဆင်းနေကြောင်း စီးပွားရေးပညာရှင်တို့ ပြောကြား

တောင်ကိုရီးယားနိုင်ငံရဲ့   စီးပွား ရေးအခြေခံများ  အားနည်းနေခြင်းက စီးပွားရေးကျဆင်းရခြင်းရဲ့   အဓိက အကြောင်းတရားအဖြစ်   တောင်ကို ရီးယားနိုင်ငံမှ   စီးပွားရေးကျွမ်းကျင် သူတို့က ရည်ညွှန်းပြောကြားလျက်ရှိကြ ပြီးနိုင်ငံရဲ့စီးပွားရေးကျဆင်းမယ့် အနေ အထားကိုရောက်ရှိလာမှာကို   စိုးရိမ် လျက်ရှိကြကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့စစ်တမ်းတစ်ခုကို ကိုးကား ပြီး ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။
မကြာသေးမီက ကိုရီးယားစက်မှု လုပ်ငန်းများဖက်ဒရေးရှင်းက   စီးပွား ရေးကျွမ်းကျင်သူ ၆၁ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ   လောလောဆယ်မှာ တောင်ကိုရီးယားစီးပွားရေးက ဖွံ့ဖြိုးမှု ကျဆင်းတဲ့အဆင့်ကို    ရောက်နေ ကြောင်း ၇၀ ရာခိုင်နှုန်းကပြောပါတယ်။ ဒီအဆင့်ကိုအနှေးနဲ့  အမြန်ရောက်ရှိ လိမ့်မယ်လို့ ခန့်မှန်းသူများကိုပါထည့် သွင်းတွက်ချက်ပါက စီးပွားရေးကျဆင်း မယ်လို့ ခန့်မှန်းသူက ၉၆ ဒသမ ၇ ရာခိုင်နှုန်းအထိရောက်ရှိနိုင်ပါတယ်။
စစ်တမ်းကောက်ယူခဲ့သူ စီးပွား ရေးကျွမ်းကျင်သူ    စုစုပေါင်းအနက် ယခုကဲ့သို့   စီးပွားရေးကျဆင်းမယ်လို့ ခန့်မှန်းရခြင်းမှာ   တိုင်းပြည်၏စီးပွား ရေးကျန်းမာကြံ့ခိုင်မှု အခြေအနေအား နည်းနေမှုကြောင့်ဖြစ်ကြောင်း ဖြေကြား သူက ၈၀ ရာခိုင်နှုန်းရှိပြီး     တည်ငြိမ်          ရင့်ကျက်တဲ့စီးပွားရေးတစ်ခုဖြစ်လာဖို့အတွက် ဤအချက်က  ရှောင်လွှဲမရတဲ့ အချက်ဖြစ်ကြောင်းပြောကြားသူက ၁၆ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွား ရေးအကျဘက်သို့ ဦးတည်နေခြင်းမှာ ကမ္ဘာ့စီးပွားရေး  ကျဆင်းမှု   အကျိုး ဆက်ကြောင့်ဖြစ်ကြောင်းနဲ့     ယာယီ သဘောမျှသာဖြစ်ကြောင်း   ပြောကြား သူကငါးရာခိုင်နှုန်းရှိပါတယ်။
ကမ္ဘာ့စီးပွားရေး     ပြန်လည် ကောင်းမွန်လာမှုက  ကိုရီးယားစီးပွား ရေးအပေါ်သိသိသာသာ  အကျိုးသက် ရောက်မှုမရှိနိုင်ကြောင်းနဲ့ ကမ္ဘာ့စီးပွား ရေး   ပြန်လည်ဦးမော့လာတဲ့အတွက်          ကိုရီးယားစီးပွားရေးကို   ပြန်လည်မြင့် တက်မှာမဟုတ်ကြောင်း ယုံကြည်သူက ၉၀ ရာခိုင်နှုန်းရှိပါတယ်။
ဉာဏ်တင်-စုစည်းတင်ပြသည်
 

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General