သကြားထုတ်လုပ်မှုကျဆင်းလာသဖြင့် အိန္ဒိယနိုင်ငံရှိ ချော့ကလက်နဲ့ ဘီစကွတ်မုန့်များကို သကြားအုပ်နိုင်တော့မည်မဟုတ်

သကြားထုတ်လုပ်မှုက   ငါးနှစ် အတွင်းအနိမ့်ဆုံးသို့  ရောက်ရှိလာလို့ သရေစာထုတ်လုပ်ရေး ကုမ္ပဏီများက သကြားဈေးနှုန်း  မြင့်တက်မှုကြောင့် အလူးအလဲရုန်းကန်နေရတဲ့အတွက် ချော့ကလက်၊ အချိုရည်၊ ရေခဲမုန့်နဲ့ ဘီစကွတ်တို့တွင်  သကြားကို  နိုင်နိုင် ထည့်နိုင်တော့မည်   မဟုတ်ကြောင်း တိုင်းမ်အော့      အိန္ဒိယဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြပါတယ်။
FMCG  လို့ခေါ်တဲ့ဈေးနှုန်းချို သာစွာဖြင့်  အလျင်အမြန်သုံးစွဲမှုပြုတဲ့ သရေစာကိုထုတ်လုပ်တဲ့ ကုမ္ပဏီများ အနေဖြင့် ကုန်ပစ္စည်းများ ကိုလျှော့ဈေး ဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုး အမြတ်ကိုပြန်လည်ရယူကြရပါတယ်။ ဒါပေမယ့်  သကြားဈေးနှုန်းက   ယခင် အောက်တိုဘာကတစ်ကီလိုကို ရူပီး ၃၀ ဝန်းကျင်ရှိနေခဲ့ရာမှ ယခင်ရက်သတ္တ ပတ်မှာ တစ်ကီလိုကို   ရူပီး ၄၀ အထိ ရောက်ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ   ကြံအများဆုံး           စိုက်ပျိုးတဲ့  မဟာရသျှတ္တရပြည်နယ်မှာ ပူပြင်းခြောက်သွေ့မှုဒဏ်ကို   အပြင်း အထန်ခံစားရတဲ့အတွက် အိန္ဒိယတစ် နိုင်ငံလုံးရဲ့ ကြံအထွက်က ၂၀၁၆ ခုနှစ် မှာ ၁၀ ရာခိုင်နှုန်း  ကျဆင်းမယ်လို့ ခန့် မှန်းထားပါတယ်။
''ပြီးခဲ့တဲ့နှစ်တုန်းက    ဈေးတွေ လျှော့၊ မေတ္တာလက်ဆောင်တွေပေးပြီး မုန့်ထုတ်တွေမှာ အပိုတွေထပ်ဆောင်း ပြီး အရောင်းမြှင့်တင်ရေးတွေ ကျွန်တော် တို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သကြား ဈေးကတက်နေသလို  စားသုံးဆီဈေးက လည်းမြင့်နေပါတယ်။  ပထမဆုံးဆောင် ရွက်ရမယ့်အလုပ်က   အရောင်းမြှင့် တင်ရေးဖြစ်ပေမယ့် ကုန်စည်ဈေးနှုန်း မြင့် တက်ခဲ့တဲ့ဂယက်ကို   တိုက်ရိုက် ခံစားရတဲ့အတွက်  ဒီဂယက်ကို   တွန်း လှန်နိုင်ဖို့ အတွက် ပထမခြေလှမ်း အဖြစ် အရောင်းမြှင့်တင်ရေး  လုပ်ငန်းတွေ အပါအဝင် ကုန်ကျစရိတ်တွေကို လျှော့ ချရပါတော့မယ်''လို့ ဘီစကွတ်နဲ့ နို့ထုတ် လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Britanmia မှ အုပ်ချုပ်မှု ဒါရိုက်တာ ဗာရွန်ဘယ်ရီက ပြောပါတယ်။

  • အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
  • ကဏ္ဍ General