COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအား  လိုင်စင်လျှောက်ထားခြင်းမှ ယာယီဖြေလျှော့ပေးခြင်းကိစ္စထုတ်ပြန်ခြင်း
                Posted On: 2021-09-28 07:23:40
                
                    လတ်တလော COVID -19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID -19 ရောဂါကုသမှုလုပ်ငန်းစဉ်များအား အထောက်အကူပြုနိုင်စေရန်အတွက် COVID -19  ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအနက် သွင်းကုန် လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၁၂-၇-၂၀၂၁ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ (၃) လ ယာယီဖြေလျှော့ ၍ တင်သွင်းခွင့်ပြုကြောင်း  အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်။
 
                        
                            - 
                            အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
                            
- 
                                ကဏ္ဍ Import/Export