သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီဖြေလျှော့ပေးထားသည့် COVID-19 ရောဂါကာကွယ် ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာစာရင်းထုတ်ပြန်ခြင်း

COVID -19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကရိယာများ အနက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၁၂-၇-၂၀၂၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန်မလိုအပ်ဘဲ (၃) လ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း သတင်းလွှာ (၁၂/၂၀၂၁) ဖြင့် အသိပေးထုတ်ပြန်ထား ပါသည်။

အဆိုပါ ကုန်စည်များတင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေစေရေးအတွက် 2017 Customs Tariff of Myanmar အရ ၎င်းကုန်စည်များနှင့်သက်ဆိုင်သော H.S Code လိုင်းများအား ပူးတွဲဖြင့် ထုတ်ပြန်လိုက်သည်။

https://www.myanmartradeportal.gov.mm/en/announcement/2162

 

  • အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
  • ကဏ္ဍ Import

file_downloadဒေါင်းလုပ်